Quantcast
Channel: Silent is The Power
Viewing all 800 articles
Browse latest View live
↧

ရှမ်းငရုတ်သီးထောင်းများ......

$
0
0

 



ကျွန်မရဲ့ အမွှာအဒေါ်အငယ်က ငရုတ်သီးထောင်းနဲ့ အချဉ်ရည်ဆော့စ်လုပ်တဲ့နေရာမှာ ဆရာမကြီး သူ့ဆီကပဲ တစ်နေ့တစ်နေ့ပညာယူနေရတာ...။ အိမ်မှာ နေ့တိုင်း ငရုတ်သီးထောင်းတစ်မျိုးမဟုတ်တစ်မျိုးရှိတယ် ထမင်းပွဲမှာ...။ စနေနေ့အပတ်တိုင်း ညီမလေးနဲ့သူ့အမျိုးသားက အိမ်မှာလာစားနေကျမို့ စနေနေ့တိုင်းရှမ်းစာတစ်ခုမဟုတ်တစ်ခုလုပ်စားကြတယ်....။ ညီမလေးအမျိုးသားကလည်း ကျွန်မတို့အရှေ့ပိုင်းရှမ်းစာကိုတော်တော်စားတတ်နေပြီ....။ ရှမ်းလူမျိုးတွေထမင်းစားရင်သုံးတဲ့ ကြိမ်ဗန်းကြီးပါ အိမ်မှာရှိနေတော့အဆင်ပြေသွားတယ်...။ အဲဒီနေ့က ကောက်ညှင်းပေါင်းနဲ့ ဝက်ဂုတ်သားကြော်တယ် ဘဲဉစားငံပြုတ်တယ် ငရုတ်သီးထောင်းက နမ့်ဖစ်နွန် နဲ့ နောက်တစ်မျိုးက ဝက်သားကြော်ရှိလို့ ဝက်သားငရုတ်သီးထောင်းပါထပ်လုပ်တယ်...။ နမ့်ဖစ်နွန်ထောင်းနည်းက အရှေ့ပို့စ်မှာရေးပြီးသားမို့ ထပ်မပြောတော့ဘူးနော်....။ 






ဝက်သားငရုတ်သီးထောင်းဖို့ ဝက်သားကြော်ထားတာလေး နဲနဲဖယ်ထားလိုက်တယ်.....။ ကျန်တာက လွယ်တယ် ရှမ်းငရုတ်သီးထောင်းအခြေခံမှာပါတဲ့ ငရုတ်သီး ကြက်သွန်ဖြူကို မီးကင်ပြီးထောင်း ညှက်လာရင် ဝက်သားကြော်ထည့်ထောင်း အရောင်လှအောင်လို့ ငရုတ်သီးအနီတောင့်ကိုသုံးထားပါတယ်....။ ဝက်သားအရသာချိုပြီး ငရုတ်သီးစပ်စပ်နဲ့ သိပ်ကောင်းပဲ....။ ပဲပုပ်ကင်လေးပါ နဲနဲထည့်ထောင်းနော် အပေါ့အငံ လိုသလိုထည့်... ဝက်သားနေရာမှာ ကြက်သားကြော် ငါးငရုတ်သီးထောင်းကျတော့ ငါးခူပြုတ်ပြီးအသားနွင်ထောင်းရတယ် အဲဒါက နောက်တစ်ခါ ငါးခူးငရုတ်သီးထောင်းလုပ်ဖြစ်ရင်ထပ်လာပြမယ်....။ ရှမ်းပြည်မှာ ငါးခူပဲအစားများကြတယ်....။ 


ဝက်သားငရုတ်သီးထောင်းစပ်စပ်လေးကို ကောက်ညှင်းပေါင်းပူပူနဲ့စားကြည့် ဆွေမျိုးသုံးဆက်မေ့သွားမယ်





ဒီတစ်ပတ်စနေကိုတော့ တွေ့တဲ့အတိုင်းပဲ ဗန်းထဲမှာအစုံလင် ဝက်ရိုးကျောက်ဖရုံကိုစပါးလင်နဲ့အရည်လေးနဲ့ချက်တယ် ဝက်သားဖက်ထုပ်ပေါင်း ဟင်းနုနွယ်ကြက်သွန်ဖြူကြော် ပဲပြားကြက်ဉကြော်နဲ့ ဇာတ်လိုက်ကတော့ မကျည်းနှစ်ငရုတ်သီးထောင်းပါ တို့စရာတော့က အသီးအရွက်ပြုတ်တွေနဲ့ ပိုလိုက်ဖက်တယ်....






မကျည်းနှစ်ငရုတ်သီးထောင်းအတွက် မကျည်းသီးခြောက်ကောင်းကောင်းကို သေချာဆေးပြီး ရေနွေးနဲ့စိမ်ထားပြီး အနှစ်ယူထားပါ....။ ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ပြီးညှက်အောင်ထောင်း ဆား အချိုမှုန့်ထည့်ပြီးရင် မကျည်းနှစ်ရောထည့်ပြီး သမအောင်မွှေပေး နံနံပင်လေးရိတ်ရိတ်လှီးထည့် ဒါပဲ ချဉ်ချဉ်စပ်အစပ်နဲ့ သူလည်းအသီးရွက်ပြုတ်နဲ့လိုက်တယ်.....။ 





ဒီတစ်ခါ ခရမ်းသီးသုံးမျိုး ငရုတ်သီးထောင်းလေးပြောပြမယ်... ခရမ်းသီး ကိုင်းခရမ်းချဉ်သီး ခရမ်းကဆော့သီး ငရုတ်သီး ကြက်သွန်ဖြူကို ဒယ်နဲ့မွှေးလာအောင်လှော်ပေးပြီး ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကလွဲပြီး ကျန်တာအရင်ရောထောင်း ညှက်ရင် ခရမ်းသီးနဲ့ ခရမ်းချဉ်သီးထည့်ထောင်းပေးပါ သူကျတော့ ဝက်ခေါက်ကြော်လေးနဲ့စားရတာ....။



အရွက်တွေက ဂွေးတောက်ရွက်နု ပဲတောင့်ရှည်နဲ့ ဗူးညွှန့်ပြုတ် သခွားသီး



ရှမ်းပြည်မှာ ဘုန်းကြီးကျောင်းအလှူပွဲတွေမှာဆို ဒီလိုငရုတ်သီးထောင်းတွေ
အတို့အမြှုပ်အစုံနဲ့တည်ခင်းတတ်တယ်




ဂွေးသီးငရုတ်သီးထောင်း တကယ်တမ်းရှမ်းပြည်မှာထောင်းစားတဲ့ ဂွေးသီးက ဒီကလို အလုံးသေးသေးမဟုတ်ဘူး လိမ္မော်သီးအရွယ်လောက်ရှိတယ်...။ ဘယ်လိုဂွေးသီးမျိုးဖြစ်ဖြစ် ငရုတ်သမီးထောင်းလုပ်မယ်ဆို ပြုတ်ရပါတယ်....။ ခဏလေးပြုတ်တာနဲ့ နူးလွယ်တယ်....။ ကျန်တာကတော့ ထုံးစံအတိုင်း ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ထားတာကို အရင်ထောင်း အရောင်လှအောင် ငရုတ်သီးအနီတောင့်သုံးပါတယ်....။ ငရုတ်သီးထောင်းထာတာညှက်ရင် ဂွေးသီးပြုတ်ထည့်ထောင်း အစေ့ဒီတိုင်းလေးထည့်ထား ဝါးစားလို့ရတယ်....။



ကဆော့သီးပိုနေလို့ ဂွေးသီးငရုတ်သီးထောင်းနဲ့စားဖို့ ဆီအိုးကပ်လေးနဲ့လှော်ထားတယ်


ဒီလောက်ပါပဲ နောက်ထပ် ငရုတ်သီးထောင်းနည်းတွေထပ်သင်ရရင် လာမျှဝေပေးပါဉီးမယ်နော်...။ ကောင်းသောနေ့လေးဖြစ်ပါစေ....။


မိုးငွေ့

↧

Health and Beauty.....

$
0
0




ခေါင်းစဉ်က Health and Beauty ဆိုပေမယ့် တခြားပြောစရာလေးတွေလဲ ပြောဉီးမယ်နော်.....။ အာလူးမဖုတ်ရတာကြာပြီလေ.....။ ၂၀၂၀ နှစ်ဟောင်းကိုနှုတ်ဆက် ၂၀၂၁ နှစ်သစ်အကူးကို အရင်လို ဟေးလားဝါးလားနဲ့မဖြတ်သန်းဖြစ်တော့.... ဘုရားရှိခိုး ပဌာန်းပူဇော်ပြီး နှစ်ကူးဖြစ်ခဲ့လို့ ကိုယ့်ကိုယ်ကို ကျေနပ်နေမိတယ်....။ နှစ်သစ်မှာ အများဆုံးလုပ်ဖြစ်သွားတာ မထင်မှတ်ဘဲ အွန်းလိုင်းပစ္စည်းတွေဝယ်ဖြစ်တာများသွားတယ်....။ အဲထဲမှာ Collagen တွေအမျိုးစားအများကြီးပဲရောင်းတဲ့ ပေ့ချ်လေးတွေ့လို့ ဝင်စပ်စုရင်းနဲ့ ဝယ်ဖြစ်သွားခဲ့တယ်....။ ဒါမဝယ်ခင်ကလည်း City Care မှာ Vista ကထုတ်တဲ့ ၆လုံးတစ်ကဒ်ပါတဲ့ အရည်လေးဝယ်သောက်ဖြစ်သေးတယ်...။ ခုက ဂျပန်ကလာတာ ပိုကောင်းမလားဆိုပြီး ထပ်ဝယ်ဖြစ်တယ်....။ အထဲမှာ ရက် ၃၀ အတွက် အထုတ် ၃၀ ပါတယ် ....။ မနက်စောကြီး ဘာမှမစားခင် ရေ 180 ml နဲ့ဖျော်ပြီးသောက်  ဒါမှမဟုတ် ညဖက်သောက်မယ်ဆို အစာနဲ့ခပ်ဝေးဝေးအိပ်ခါနီးလေးသောက်ပေး.....။ Jan 12th မနက်စောစော ၅နာရီ နှိုးစက်ပေးပြီး အဲဒါလေးထဖျော်ပြီးသောက်တယ်....။ အဲဒီနေ့က နတ်တော်လကွယ် ဉပုသ်နေ့မို့ မနက် စောစောထပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ယောဂီဝတ်စုံလဲ ဘုရားကျောင်းဆောင်သန့်ရှင်းရေးလုပ် ဘုရားသောက်တော်ရေ ပန်း သစ်သီး ဆီမီးနဲ့ အာရုံဆွမ်း ပေါင်မုန့်နဲ့ ကော်ဖီကပ်ဖြစ်တယ်....။ ၂၀၂၁ မှာ ပထမဆုံး အစောဆုံးထတဲ့နေ့ဆိုပါတော့....။ ဆောင်းမနက်စောစော ရာသီဉတုက မဆိုစလောက်အေးစိမ့်စိမ့် နေလို့ကောင်း ....။ ဘုရားဝေယျာဝိစ္စလုပ်ပြီး ဘုရားရှိခိုးတော့ ချွေးနဲနဲစို့နေပြီ ရန်ကုန်ဆောင်းကတော့ သိတဲ့အတိုင်းပဲ....။ ဘုရားရှိခိုးပြီးတော့ ထမင်းကြော်စားဖြစ်တယ် .... ပြီးတော့ ဒီနှစ်စဝင်လာကတည်းက မွေးနေ့တိုင်းနဲ့ လတစ်လရဲ့ လပြည့်လကွယ်တွေကို သက်သတ်လွတ်စားမယ်လို့ ဆုံးဖြတ်ထားတာမို့ အဲဒီနေ့က သက်သတ်လွတ်စားဖြစ်ခဲ့တယ် ...။ ရနိုင်သမျှ လုပ်နိုင်သမျှလေး ကုသိုလ်ယူချင်တာပါ....။ ခါတိုင်းနေ့တွေက အမေပဲ မနက်မိုးလင်း ဘုရားသောက်တော်ရေကပ်တာ ဆွမ်းကပ်တာလုပ်နေကျ အာဇိန္နကံရပြီးသား.....။ ခုတော့ အဲဒီအလုပ်ကို ကျွန်မဆက်လုပ်မယ်လို့ ပြီးတော့ မနက်အာရုံကို ကော်ဖီ လက်ဖက်ရည် မုန့်တွေကပ်ချင်လို့....။ ဆွမ်းချက်တာကတော့ အမေပဲဆက်လုပ်တယ် ကျွန်မက ထမင်းချက်ညံ့လို့ပါ :)







တကယ်ပြောချက်တာက Collagen အကြောင်းလေးပါ....။ ဒါလေးမဝယ်ခင် ချီချီ(နေခြည်ဉီး)က Vista Collagen အမှုန့် Marine ကနေထုတ်ထားတဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်လေးကို ဖျော်သောက်ပြတာကြည့်လိုက်ရသေးတယ်....။ သူသောက်ပြတော့ ချိုချိုမွှေးမွှေး ရေခဲတုံးနဲ့ စတော်ဗယ်ရီသီးတွေဘာတွေတောင်ထည့်လိုက်သေးတယ် သာမန် အသီးဖျော်ရည်လေးလိုပဲ သူကအရသာပါတာ နာနတ် စတော်ဗယ်ရီ လိုင်ချီး အဲလိုတွေ...။ အဲဒါ ကိုယ့်ဘာသာကိုလျှာရှည်ပြီး ပေ့ချ်တစ်ခုက ကြော်ငြာတွေ့တာနဲ့ ဂျပန်ကပိုကောင်းမယ်ထင်ပြီး ဝယ်လိုက်တယ်....။ အရည်အသွေးကတော့ ကောင်းမှာပဲ ခုမှစသောက်တာဆိုတော့ စောင့်ကြည့်ရမယ်...။ အဝင်ပဲနဲနဲဆိုးတာ ဆေးနံ့ရတယ်လေ....။ အဲမှာ ကော်လာဂျင်တွေက မျိုးစုံ ဈေးစုံပါပဲ ကိုယ်နဲ့အဆင်ပြေမယ်ထင်တာရွေးလိုက်တာ....။ သူက ဆံပင် အသားအရည် လက်သည်း ဝက်ခြံနဲ့ အမည်းစက်တွေိကို အဓိကပြုပြင်ဖြည့်စွက်ပေးတဲ့ ကော်လာဂျင်....။ ကိုယ်ကလည်း ဆံပင်ကျွတ် မျက်နှာမှာ အမည်းစက်တွေ ဝက်ခြံတွေရှိတော့ အဲဒါကို ရွေးဝယ်လိုက်တာ....။ အသက်ရွယ်ငယ်တုန်းကဆို ဝက်ခြံမထွက်ခဲ့ဘူး ထွက်ခဲတယ်....။ မျက်နှာလဲ ချောမွတ်ပြောင်တင်းပေါ့.... ။ အသက် ၄၄ နောက်ပိုင်းမှာ Menstruation cycle နီးတာနဲ့ ဝက်ခြံတွေစထွက်ပြီ.....။ ပြီးခဲ့တဲ့ ၂၀၂၀ မှာတော့ Night Owl ထပ်ဖြစ်တော့ ပိုဆိုးပေါ့ ညည မအိပ်ဘဲ ဇာတ်လမ်းတွဲတွေကြည့်တာကြည့်တာ အိပ်ရေးပျက်တာနဲ့ပေါင်းပြီး တစ်လလုံးက မျက်နှာမှာ ဝက်ခြံမပျက်တော့....။  ခုတော့ လျှော့နေပါပြီ ညဖက်အိပ်ရာဝင်နောက်ကျတာကို....။ အဲလိုမဖြစ်အောင်ကိုယ့်ကိုယ်ကို မနက်အာရုံဆွမ်းကပ်တဲ့အလုပ်နဲ့ ထိန်းချုပ်လိုက်တယ်....။ မနက်စောစောထရမှာဆိုတော့ ညစောစောအိပ်မှရမယ်လေ....။ လောကမှာ စိတ်ကိုနိုင်အောင်လုပ်တဲ့အလုပ်က အခက်ခဲဆုံး.....။



ခုတော့ကာဖီထဲထည့်သောက်ဖြစ်တယ်



တကယ်တော့ ကော်လာဂျင်ကို ခုခေတ်က အသက်အစိပ်နောက်ပိုင်းဆို သောက်နေကြပြီ...။ ကိုယ်တွေအရွယ်က နောက်တောင်ကျနေပြီ....။ ဘာပဲဖြစ်ဖြစ် မမြဲတဲ့ရုပ်ခန္ဓာကို ပြုပြင်ပေးနေရတာကလည်း ဆင်းရဲဒုက္ခပါပဲ....။ သစ္စာလေးပါးထဲက ဒုက္ခသစ္စာ (၈)ခုထဲမှာပါပြီးသား....။ အဲလိုပြန်တွေးမိတော့ ငါလုပ်နေတာ ဘာမှအဓိပ္ပါယ်မရှိလို့မြင်ပေမယ့် လူဘဝမှာ ကျင်လည်နေတုန်းမို့ တဏှာကို မစွန့်လွှတ်နိုင်သေးတာပါလားလို့ ဆင်ခြင်မိပါရဲ့လေ...။ 


ကိုဗစ်ကြီးက သင်ခန်းစာတွေပေးတာ ယူတတ်တဲ့သူတော့ယူကြတယ် ပြောင်းလဲကြတယ်....။ မယူတတ်တဲ့သူကလည်း သူ့ထိုက်နဲ့သူ့ကံ....။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာတော့ တော်တော်လေးပြောင်းလဲသွားတယ်လို့ ကိုယ့်ကိုယ်ကို သုံးသပ်မိတယ်....။ မလိုအပ်တာတွေ လေးတယ်ထင်တာတွေအကုန်ပစ်ချနိုင်သမျှပစ်ချနေတယ်....။ တလောကမှ ဦးလေးတစ်ယောက်ဖုန်းဆက်လာတယ် ညဖက်ကြီး အဖေတို့မောင်နှမဆယ်ယောက်ထဲက နံပါတ်ကိုး ဦးလေးပါ....။ ကျောက်ဆည်က ဘကြီးဆုံးသွားလို့ အကြောင်းကြားတာ အဖေဖက်က အမျိုးတွေနဲ့က သာမန်အချိန်ဆို မတွေ့ဖြစ်ကြဘူး သာရေးနာရေးကလွဲလို့....။ ဦးလေးနဲ့စကားပြောရင်းက အဖေတို့မောင်နှမဆယ်ယောက်ထဲမှာ ဒီဦးလေးအပါအဝင် သုံးယောက်အသက်ရှင်သေးတော့ အဖေ့အထက်က ကြီးတော်ရောနေကောင်းလားဆိုတော့ ဆုံးတာကြာပြီလေတဲ့....။ ခုတော့ ဆယ်ယောက်မှာ ဒီဦးလေးတစ်ယောက်ပဲကျန်ရစ်တော့တယ် ဦးလေးအမျိုးသမီးကလဲ ပြီးခဲ့တဲ့ ဆယ်လပိုင်းက ကိုဗစ်နဲ့ဆုံးသွားပြီတဲ့....။ စိတ်မကောင်းလိုက်တာ အဲညက ဘုရားမရှိခိုးခင်လေး ဖုန်းပြောတာ....။ ဘုရားရှိခိုးတော့ ရင်ထဲမကောင်းဘူး....။ အမျှဝေတော့ မျက်ရည်တောင်ကျတယ်....။ အချိန်တန်ရောက်လာရင် သွားကိုသွားရမယ့်လမ်းဆိုတာ လူတိုင်းအမြဲသတိချပ်စေချင်တယ်....။ ကိုယ်တိုင်လည်း အဲအသိတရားလေးကို အမြဲအောက်မေ့တယ်....။ လူတွေက လူဖြစ်လာတဲ့အချိန်ထက် ပြန်သွားရမယ့် သေရမယ့်အချိန်က ပိုအရေးကြီးတယ်.....။ သေတတ်ဖို့ ခုအသက်ရှင်ချိန်မှာ လေ့ကျင့်ထားသင့်တယ်....။ ကိုယ်ပြုထားတဲ့ ကုသိုလ်ကို အောက်မေ့ပြီး အသက်ထွက်တတ်ရမယ်....။ အဲဒါမှ အသက်ထွက်ကောင်းတယ် သေတတ်တယ်လို့ခေါ်တယ်တဲ့....။ ပါမောက္ခဆရာတော်ကြီးမိန့်သလို ရောဂါမရှိလို့လည်း ဝမ်းမသာနဲ့ ရောဂါရှိလည်း ဝမ်းမနည်းနဲ့ ရောဂါမရှိလည်း တစ်နေ့သေရမှာပဲ....။ 

ဒါနဲ့စကားမစပ် ကျွန်မဘလော့ကို ၂၀၂၀ တစ်နှစ်ပတ်လုံး ထိပ်ဆုံးကနေ အများဆုံးလာဖတ်တတ်တဲ့ Mexico နိုင်ငံကသူတွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာဘာကြောင့်လဲ ....။ ကျွန်မရဲ့ Mexico နိုင်ငံက စာဖတ်သူလေးတွေ နေကောင်းကျန်းမာပါရဲ့လား.....။ ခုတော့ USA က စာဖတ်သူများက ဗိုလ်စွဲနေပါတယ် ....။ ဒုတိယက မြန်မာပြည်က.....။ ဘာပဲဖြစ်ဖြစ် ကမ္ဘာတစ်ဝှမ်းကနေ ကျွန်မကိုချစ်လို့ ကျွန်မရေးတဲ့စာတွေကို  စိတ်ဝင်စားလို့ စာလာလာဖတ်တဲ့ စာဖတ်သူများအားလုံးကို လေးစားကျေးဇူးတင်ရပါတယ်.....။ အားလုံး ကပ်ရောဂါကင်းပြီး အေးအေးချမ်းချမ်း ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်....။



              Bonus :)


မိုးငွေ့

↧
↧

တစ်သက်စာ.....

$
0
0

 



The Voice Myanmar Season 3 team ကျားပေါက်က Twan Pee ရဲ့ တစ်သက်စာ .... အရမ်းကြိုက်လို့ တင်ပေးလိုက်တယ်...။ နားထောင်ကြည့်ကြည့်....။


မိုးငွေ့

↧

အဘိဓမ္မာ စိတ်ပိုင်း(၂).....

$
0
0

 နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



ပိဋိကတ်သုံးပုံ  =  သုတ္တန်, ဝိနည်း, အဘိဓမ္မာ

အဘိဓမ္မာ        = စိတ်, စေတသိတ်, ရုပ်, နိဗ္ဗာန်  

စိတ်  (၈၉)      =  လောကီစိတ် (၈၁) + လောကုတ္တရာစိတ်(၈)


အာရုံကိုသိတဲ့ သဘောကို စိတ်လို့ခေါ်ပါတယ်...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ...။ အာရုံမရှိရင် စိတ်မရှိနိုင်ပါဘူး..။ စိတ် ၈၉ ထဲက လောကီစိတ် (၈၁)ပါးကို အသေးစိပ်ထပ်ရေးပြပါမယ်...။


လောကီစိတ် (၈၁)

ကာမဝိစရစိတ် =    ၅၄ ပါး    

ရူပါဝိစရစိတ်    =   ၁၅ ပါး

အရူပါဝိစရစိတ် =   ၁၂  ပါး 

-------------------------

စုစုပေါင်း              ၈၁ ပါး

-------------------------


ကာမဝိစရစိတ် (၅၄)ပါး   

အကုသိုလ်စိတ်        =  ၁၂ ပါး 

အဟိတ်စိတ်           =  ၁၈ ပါး  

ကာမသောမနစိတ်   = ၂၄ ပါး

---------------------------

စုစုပေါင်း                ၅၄ ပါး

---------------------------


စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ်(၁၂) အကြောင်းကို ပြောပြပြီးပြီမို့ (၂) မှာ အဟိတ်စိတ်(၁၈)ပါးကို ကျွန်မ ဖတ်မှတ်သလောက်လေး ရေးပြချင်ပါတယ်...။


အဟိတ်စိတ် (၁၈)ပါး

အကုသလဝိပါတ်စိတ်        =      ၇ ပါး

အဟိတ်ကုသလဝိပါတ်စိတ် =      ၈ ပါး

အဟိတ်ကြိယာစိတ်          =       ၃ ပါး

--------------------------------------------

စုစုပေါင်း                               ၁၈ ပါး

--------------------------------------------


အကုသလ ဝိပါတ်စိတ်  (၇)ပါး တနည်းအားဖြင့် အကုသိုလ်ဝိပါတ်စိတ်

ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်             (၁၃)  မြင်သိစိတ်

ဉပေက္ခာသဟဂတ သောတဝိညာဏစိတ်         (၁၄)  ကြားသိစိတ်

ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ်            (၁၅)  နံသိစိတ်

ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်              (၁၆)  စားသိစိတ်

ဒုက္ခသဟဂတ ကာယဝိညာဏစိတ်                (၁၇)  ထိသိစိတ်

ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်                  (၁၈)  အာရုံလက်ခံစိတ်

ဉပေက္ခာသဟဂတ သန္တီရဏစိတ်                  (၁၉)  အာရုံစူးစမ်းစိတ်


အဟိတ်ကုသလ ဝိပါတ်စိတ် (၈)ပါး  တနည်းအားဖြင့် ကုသိုလ်ဝိပါတ်စိတ်

ဉပေက္ခာသဟဂတ စက္ခုဝိညာဏစိတ်             (၂၀)

ဉပေက္ခာသဟဂတ သောတဝိညာဏစိတ်         (၂၁)

ဉပေက္ခာသဟဂတ ဃာနဝိညာဏစိတ်            (၂၂)

ဉပေက္ခာသဟဂတ ဇိဝှါဝိညာဏစိတ်              (၂၃)

သုခသဟဂတ ကာယဝိညာဏစိတ်                (၂၄)

ဉပေက္ခာသဟဂတ သမ္ပဋိစ္ဆနစိတ်                  (၂၅)

သောမနဿသဟဂတ သန္တီရဏစိတ်             (၂၆) 

ဉပေက္ခာသဟဂတ သန္တီရဏစိတ်                  (၂၇)


အဟိတ်ကြိယာစိတ် (၃)ပါး

ဉပေက္ခာသဟဂတ ပဉ္စဒွါရာဝဇ္ဇနစိတ်            (၂၈)

ဉပေက္ခာသဟဂတ မနောဒွါရာဝဇ္ဇနစိတ်        (၂၉)

သောမနဿသဟဂတ ဟသိတုပ္ပါဒစိတ်        (၃၀)


ကျွန်မ အခုရေးပြထားတဲ့ အနောက်က နံပါတ်စဉ်တွေဟာ စိတ် (၈၉)ပါးရဲ့ နံပါတ်စဉ်တွေအတိုင်းရေးပြထားတာပါ....။ စိတ်ပိုင်း(၁) မှာတုန်းက အကုသိုလ်စိတ် (၁၂) ပါးကို ပြောပြခဲ့ပြီးတာမို့ အခု အဟိတ်စိတ် (၁၈)ပါးနဲ့ပေါင်းလိုက်တော့ အပါး(၃၀)ထိရောက်သွားပါပြီ...။


စက္ခုဝိညာဏ          =    မြင်သိ

သောတဝိညာဏ     =     ကြားသိ

ဃာနဝိညာဏ        =     နံသိ

ဇိဝှါဝိညာဏ          =     အရသာသိ

ကာယဝိညာဏ      =     ထိသိ

သမ္ပဋိစ္ဆန             =      လက်ခံ

သန္တီရဏ             =      စုံစမ်း

ပဉ္စဒွါရာဝဇ္ဇန        =      ငါးဒွါရ၌ ဆင်ခြင်

မနောဒွါရာဝဇ္ဇန    =      မနောဒွါရ၌ ဆင်ခြင်

ဟသိတုပ္ပါဒ         =     ရယ်ခြင်းကိုဖြစ်စေတတ်

ဒုက္ခသဟဂတ      =     ဆင်းရဲခြင်းနှင့်တကွဖြစ်

သုခသဟဂတ      =     ချမ်းသာခြင်းနှင့်တကွဖြစ်


မှတ်သားရန် ။          ။    အကုသိုလ်ဝိပါတ် မြင်သိစိတ်နဲ့ ကုသလဝိပါတ် မြင်သိစိတ် နှစ်ခုပေါင်းကို စက္ခုဝိညာဏ်ဒွေ two eye-consciousness elements လို့ခေါ်ပါတယ်....။ သောတ ဃာန ဇိဝှါ ကာယ တို့ကိုလည်း အလားတူဖြစ်တယ်...။ အကုသိုလ်ဝိပါတ်နဲ့ ကုသိုလ်ဝိပါတ် အာရုံလက်ခံစိတ်နှစ်ခုပေါင်းကိုလည်း သမ္ပဋိစာ္ဆိုင်းဒွေ two recipient-consciousness elements လို့ခေါ်ပါတယ်...။ အာရုံဆင်ခြင်စိတ် ပဉ္စဒွါရာဝဇွန်းနဲ့ သမ္ပဋိစ္ဆိုင်းဒွေ နှစ်ခုပေါင်းကို မနောဓါတ် mind elements လို့ခေါ်ပါတယ်...။  ပဉ္စဒွါရာဝဇ္ဇန်း နဲ့ မနောဒွါရာဝဇ္ဇန်း နှစ်ခုပေါင်းကို အာဝဇ္ဇန်းဒွေ two adverting consciousness လို့ခေါ်ပါတယ်...။


အကုသိုလ်ဝိပါတ်မြင်သိစိတ် (၁၃-၁၇) + ကုသိုလ်ဝိပါတ်မြင်သိစိတ် (၂၀-၂၄) = စက္ခုဝိညာဏ်ဒွေ

အကုသိုလ်ဝိပါတ် အာရုံခံစိတ်(၁၈-၁၉) + ကုသိုလ်ဝိပါတ်အာရုံခံစိတ်  =  သမ္ပဋိစ္ဆိုင်းဒွေ

ပဉ္စဒွါရာဝဇွန်း (၂၈)        +         သမ္ပဋိစ္ဆိုင်းဒွေ        (၁၈+၂၅        =မနောဓါတ်


@@@@@@@@@@@@@


"ဟိတ်"ဆိုတာ ဟေတု "Hetu"ဆိုတဲ့ ပါဠိဝေါဟာရက ဆင်းသက်လာတာပါ...။ ဟိတ်ဟန်ကြီးတာ မဟုတ်ဘဲ အကြောင်းတရား ဒါမှမဟုတ် အရင်းအမြစ် Cause (or) Root ကိုဆိုလိုတာပါ...။ "အဟိတ်"ဆိုတာ မထက်မြက် မတင့်တယ်တဲ့ စိတ်ကိုခေါ်တာပါ...။

ဘဝတစ်ခုမှာ အသိဉာဏ်ပါတဲ့ အမောဟဆိုတဲ့ "ပညာ"အလောဘ အဒေါသ ဆိုတဲ့ ဟိတ်သုံးပါးနဲ့ ပဋိသန္ဓေနေသူကို "တိဟိတ်"ပုဂ္ဂိုလ်လို့ခေါ်တယ်...။ အသိဉာဏ်မပါဘဲ အလောဘ အဒေါသဆိုတဲ့ ဟိတ်နှစ်ပါးသာပါတဲ့သူကို "ဒွိဟိတ်"ပုဂ္ဂိုလ်လို့ခေါ်တယ်...။

တိဟိတ်ပုဂိ္ဂုလ်က အသိဉာဏ်ပါလို့ ဒီဘဝမှာ ကျင့်ကြံအားထုတ်ရင် တရားထူးတရားမြတ်ရသွားနိုင်တဲ့ ပုဂ္ဂိုလ်မျိုးပါ...။ ဒွိဟိတ်ကတော့ ကျင့်ကြံအားထုတ်ပေမယ့် တိဟိတ်ပုဂ္ဂိုလ်လောက် စွမ်းရည်မထက်မြတ်ဘူး...။ ဒါပေမယ့် ကြိုးစားမယ်ဆိုရင် ရသင့်ရထိုက်တဲ့ တရားအခြေခံတွေရပြီး နောင်ဘဝမှာ တရားအသိဉာဏ်ပွင့်လင်းသွားမှာပါ...။ ဒွိဟိတ်နဲ့ တိဟိတ် ဆိုတာ ကိုယ်မှ မသိနိုင်တော့ ဘယ်နေရာမှာမှ မလျော့ဘဲ ကြိုးစားရင် ဝီရိယအကျိုးကိုတော့ ထိုက်သင့်သလောက် ခံစားရမှာပါ...။


"အဟိတ်"ဆိုတာ ဟိတ်တစ်ခုမှမပါတဲ့ တိရစာ္ဆန်ဘဝမျိုး ဖြစ်တယ်...။ သူတို့မှာ လူတွေလို ပါရမီဖြည့်ဆည်းဖို့ ကောင်းတဲ့ ဟိတ်တစ်ခုမှမပါလို့ အဟိတ်တိရစာ္ဆန်လို့ခေါ်တာပါ...။


အကုသလဝိပါတ်ဆိုတာ....

ဝိပါတ်ဆိုတာ ကံရဲ့အကျိုးပေးဖြစ်လို့ ဘဝမှာ မကောင်းတဲ့ အနိဌာရုံ Undesirable object တွေ မြင်တွေ့နေရတာဟာ တိုက်ဆိုင်လို့ဖြစ်တယ်လို့ထင်မြင်ကြတယ်...။ ကိုယ်မကြားချင်တဲ့ ဆဲဆိုသံတွေ နားမထောင်ချင်တဲ့အသံတွေကြားရတာ မကြိက်တဲ့ အနံ့တွေရှူနေရတာ မစားချင်တဲ့အစာတွေစားရတာတွေဟာ တကယ်တော့ ရှေ့က ပြုခဲ့တဲ့ အကုသိုလ်ကံရဲ့အကျိုးပေးတွေပါ...။ ဒါကြောင့် အကုသလဝိပါတ်စိတ်ဖြစ်တယ်....။


ကုသလဝိပါတ်ဆိုတာ....

ကောင်းတာတွေမြင်ရတယ်  သာယာတဲ့ သီချင်းသံတွေနဲ့ တရားဓမ္မတွေ ကြားရတယ် သင်းပျံ့တဲ့ရနံ့တွေရတယ် အရသာရှိတဲ့ အစားအစာတွေစားနေရတာကလည်း ရှေးကုသိုလ်ကံ အကျိုးပေးတွေပါပဲ...။ ဒီကုသိုလ် အကုသိုလ်နှစ်ခုကြားမှာ မြင် ကြား ရနံ့နဲ့ အရသာ သိစိတ်ဆိုတဲ့ ဝိပါတ်စိတ်တွေဟာ အလယ်အလတ်   ဉပေက္ခာဝေဒနာတွေနဲ့ပဲ ယှဉ်ပါတယ်...။


ဘာလို့ ဉပေက္ခာနဲ့ယှဉ်တာလဲ....?

ဉပေက္ခာဆိုတာ သောမနဿ ဒေါမနဿတို့လို မထက်ဘဲ နည်းနည်း Dull ဖြစ်တယ်....။ ဒါကလည်း မြင် ကြား ရနံ့ ရသာ သိစိတ်တွေဟာ တစ်ခဏချင်းမှာ လျင်လျင်မြန်မြန်ဖြစ်သွားလို့ ဝမ်းသာဝမ်းနည်း မရှိဘဲ ဉပေက္ခာဝေဒနာနဲ့ပဲယှဉ်လို့ပါ....။

မျက်စိအကြည်ကလည်း အပျော့စားရုပ် ရူပါရုံလည်း အပျော့စားရုပ်ဆိုတော့ သူတို့နှစ်ခုဆုံမိတဲ့အခါ ဂွမ်းလုံးလေးနှစ်ခုတိုက်မိသလို ဒေါင်ခနဲမမြည်ပါဘူး နူးညံ့လွန်းလို့ မသိလိုက်မသိဘဲ ဉပေက္ခာပဲဖြစ်တယ်...။ အလားတူ ကြားစိတ် ရနံ့သိစိတ် ရသာသိစိတ်တွေမှာလည်း အပျော့စားရုပ်နှစ်ခုတိုက်မိလို့ ဉပေက္ခာပဲဖြစ်ပါတယ်...။ 

ဉပါဒါရုပ် Derived Matter  =  ဆင့်ခံရုပ်ဖြစ်တဲ့ အဆင်း အနံ့ အရသာ ရုပ်တွေိကို ဉပါဒါရုပ် ဒါမှမဟုတ် ပျော့စားရုပ်လို့ခေါ်တယ်....။

အမာစားရုပ် The four great material  =  ပထဝီ တေဇော အာပေါ ဝါယော ဆိုတဲ့ မဟာဘုတ်လေးပါးကို အမားစားရုပ်လို့ခေါ်တယ်...။

ပထဝီ တေဇော ဝါယော သုံးခုပေါင်းထားတာကို ဖောဌဗ္ဗလို့ခေါ်တယ်...။ ကာယပသာဒ Sensitive Body က အပျော့စားဆိုပေမယ့် သူနဲ့တိုက်တဲ့ ဖောဌဗ္ဗာရုံ Tangible Object ကထိတွေ့လို့ရတဲ့ အမာရုပ်ဖြစ်နေတော့ ဂွမ်းလုံးလေးကို စားပွဲပေါ်တင်ပြီးတူနဲ့ထုတော့ ဂွမ်းတင်မကဘူး စားပွဲပါထိတော့ ဒိုင်းခနဲမြည်သွားတာမို့ ကာယဝိဉာဏ်စိတ် နာကျင်ခံစားမှုဖြစ်လာတယ်...။ ခေါ်တော့ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ် ...။ ဒုက္ခဆင်းရဲဆိုတဲ့ မကောင်းတဲ့ ခံစားမှု...။

သမီးရည်းစားဘဝမှာ လက်ဖဝါးလေးကိုင်ပြီး လမ်းလျှောက်မယ် ပခုံးလေးမှာ မှီမယ်ဆိုတာ ကုသိုလ်ဝိပါတ်ဖြစ်တဲ့ သုခသဟဂုတ်ကာယဝိဉာဏ်စိတ်ပဲဖြစ်တယ်...။ စိတ်ထဲမှာ ပြောမပြတတ်အောင် သာယာချမ်းမြေ့နေတာဟာ အဲဒီစိတ်ဖြစ်နေတာပဲ....။ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်လို့ ပစ္စည်းတွေနဲ့ ပစ်ပေါက်တယ်ဆိုတာ နာကျင်ခံစားရတယ်...။ အဲဒါ ဒုက္ခသဟဂုတ်ကာယဝိဉာဏ်စိတ်....။ ကာယဝိဉာဏ်စိတ်မှာ ဒုက္ခနဲ့သုခ ဆိုပြီး နှစ်မျိုးကွဲသွားတာ....။ 

ဉပမာထပ်ပေးကြည့်မယ် မြို့နဲ့အလှမ်းဝေးတော့ အရသာရှိတဲ့ အစားအသောက်တွေနည်းလို့ အကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်ဖြစ်တာများတယ်...။ ဒါပေမယ့် အရသာရှိတာတွေစားရတော့လည်း ကုသိုလ်အကျိုးပေးကြောင်းဖြစ်တဲ့ ကုသလဝိပါတ်ဇိဝှါဝိဉာဏ်စိတ်တွေဖြစ်နေပါတယ်...။ ဒီလိုမြင်စိတ်ကနေ ထိသိစိတ်အထိ ကုသိုလ် အကုသိုလ် အကျိုးပေးနစ်ခုရှိလို့ တွဲပြီး စက္ခုဝိညာဏ်ဒွေး, သောတဝိညာဏ်ဒွေး, ဃာနဝိညာဏ်ဒွေး, ဇိဝှါဝိညာဏ်ဒွေး, ကာယဝိညာဏ်ဒွေး လို့ခေါ်တယ်...။ ဒွေးဆိုတာ ဒွိကလာတာ နစ်ခုကိုဆိုလိုတာပါ...။




အဟိတ်စိတ် (၁၈)ပါး မှာ အဟိတ်ကြိယာစိတ်ကို နောက်တစ်ပိုင်းကျမှာထပ်ပြောပါမယ် နည်းနည်းရှည်သွားလို့ ခေါင်းရှုပ်သွားမှာစိုးလို့ပါ...။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်ပေးတဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


မိုးငွေ့

↧

Giveaway for My Beloved Readers.....

$
0
0


Hello!!!! ကျွန်မရဲ့ စာဖတ်သူတွေ မင်္ဂလာပါ...... :)

ကျွန်မရဲ့ဘလော့ကို အခု "မိုးငွေ့နှင့်အတူ"ကနေ "Cameron"ပြန်ပြောင်းလိုက်ရတဲ့အကြောင်းလေးပြောချင်လို့ပါ..။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကျွန်မဘလော့ကို လာဝင်ဖတ်တဲ့ အများဆုံး စာဖတ်သူတွေရှိတဲ့ Mexico နဲ့ India နိုင်ငံကလူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာကို စဉ်းစားကြည့်တာ ကျွန်မ ဘလော့ခေါင်းစဉ်ပြောင်းလိုက်လို့ ရှာမရကြတာလို့ထင်ပြီး ခု မိုးငွေ့နဲ့အတူ ကနေ Cameron ကို ပြောင်းကြည့်တော့ တကယ်ပဲ သူတို့တွေ အများကြီးပဲ ပြန်လာဖတ်ကြတာ တွေ့ရလို့ တကယ်ဝမ်းသာမိတယ်....။ မိုးငွေ့နှင့်အတူ ဆိုတာ ကျွန်မဘလော့စလုပ်ခါစကတည်းက ဘလော့ရဲ့ခေါင်းစဉ်လေးပါ....။ ဒီဘလော့ဖြစ်တည်လာရတဲ့အကြောင်းအရင်းကိုလည်း ကျွန်မ ပို့စ်တွေနဲ့ရှင်းပြခဲ့ဖူးပြီးပါပြီ....။ Cameron ဖြစ်ရတဲ့အကြောင်းအရင်းကလည်း ကျွန်မရဲ့ ကဗျာဆရာ မလေးမှာနေစဉ်တုန်းက ကျွန်မကို မိတ်ဆက်ပေးဖူးခဲ့တဲ့ ကျွန်မခုချိန်ထိသွားရောက်လည်ပတ်ချင်တဲ့ မလေးရှားနိုင်ငံရဲ့ လက်ဖက်ပင်‌တွေ ပန်းမျိုးစုံတွေ စတော်ဗယ်ရီစိုက်ခင်းတွေနဲ့ပြည့်နေတဲ့ တောင်ပေါ်ဒေသတစ်ခုဖြစ်ပါတယ်...။ ကျွန်မစာဖတ်သူအများစု(ခုနောက်ပိုင်း)က ကျွန်မဘလော့ကို Cameron နဲ့ပဲ အသိများလို့ထင်ပါတယ်...။ ဒါကြောင့် ကျွန်မနဲ့ ချစ်ရသော စာဖတ်သူများနဲ့ အဆက်မပြတ်ချင်လို့ ခု ဘလော့ကို "Cameron"လို့ ပြန်ပေးထားပါတယ်....။ စာဖတ်သူရဲ့ rate ဟာ ကျွန်မ စာဆက်ရေးဖို့ အကြီးမားဆုံး အင်အားတစ်ခုမို့လို့ပါ....။ ကျွန်မစာတွေကို စိတ်ဝင်တစားနဲ့ လာဖတ်ပေးကြလို့လည်း တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်....။ ကျေးဇူးတုန့်ပြန်ချင်လို့ ကျွန်မကို တစ်ခုလောက်ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်....။ ကျွန်မကို ဒီပို့စ်မှာ ကော်မန့် လာပေးမယ့်ပထမဆုံး (၁၁)ယောက်ကို "The Guys of Rangoon နဲ့ The Guys of Mandalay"စာအုပ်နှစ်အုပ်ဆီပေးချင်ပါတယ်....။ ကမ္ဘာ့အရပ်ရပ်ကဘယ်နိုင်ငံကမဆို ပို့ပေးပါမယ်....။ ဒီပို့စ်အောက်မှာ ကော်မန့်လာပေးတဲ့ စာဖတ်သူ(၁၁)ယောက်က ကျွန်မအီးမေးလ်ကို စာအုပ်ပို့ပေးလို့ရနိုင်မယ့် နာမည်နဲ့ လိပ်စာအပြည့်အစုံကို ပို့ပေးစေချင်ပါတယ်....။ ဒါကျွန်မရဲ့ အီးမေးလ်လိပ်စာပါ coralnyo@gmail.com ။ ကျွန်မရဲ့ ကိုယ်ပိုင်စာအုပ်လေးမပေးနိုင်သေးတဲ့အတွက်ခွင့်လွှတ်ပါ....။

လောလောဆယ် နိုင်ငံရေးအခြေနေမကောင်းပေမယ့် စာပို့ထားပေးပါနော် စာအုပ်တွေကိုအရောက်ပို့ပေးပါမယ်....။

ကျေးဇူးအများကြီးတင်ပါတယ် I love You all.......


မိုးငွေ့


↧
↧

My Dewdrop.....

$
0
0




အမှောင်ဖုံးလွှမ်းထားတဲ့ ဆောင်းကုန်ခါနီးညဟာ တချို့လူတွေအတွက် မလှမပဖြစ်ကောင်းဖြစ်နေလိမ့်မယ်....။ ကိုယ့်အတွက်တော့ နွေဦးမကူးခင် ဆောင်းအကုန်ရဲ့ နှင်းပေါက်တစ်စက်လို့ခံစားမိတယ်...။ လမိုက်ညမို့ ပိန်းပိတ်နေအောင်မှောင်တဲ့ညထဲမှာ စိန်တစ်ပွင့်ဖျတ်ခနဲ လက်သွားသလိုပဲ မင်းဟာ ကိုယ့်ရဲ့ နှင်းစက် နှင်းပေါက်လေးဆိုရင် ကိုယ့်ကိုပိုတယ်မပြောကြေး....။

ဒီညကို အိပ်စက်ခြင်းနဲ့ ကိုယ်ဘယ်လိုစိတ်နဲ့များ ကုန်ဆုံးခံပါ့မလဲ...။ အရေးကြီးတဲ့ကိုယ်တို့အာလုံးအတွက်ကိုယ်တို့ချစ်တဲ့ သူတွေအားလုံးအတွက် မင်းကို သူရဲကောင်းများစွာထဲက တစ်ယောက်အပါအဝင် ကိုယ်မြင်ရမှာမို့...ဒီညရဲ့ သတင်းနဲ့အတူ ကိုယ်မအိပ်စက်ချင်တော့ဘူး....။ "ဂရုစိုက်နော်"ဆိုတဲ့စာတိုလေးတစ်ခုဟာ ကိုယ့်ဆီမှာရှိတဲ့ စိတ်ခွန်အားအကုန်လုံးကို အပြည့်ထုပ်ပိုးပြီး ပို့ပေးလိုက်တာပါ....။ မင်း ကောင်းမွန်စွာ နင့်နဲစွာ နှလုံးသားနဲ့ လက်ခံရရှိလိမ့်မယ်လို့ကိုယ်ယုံကြည်ပါတယ်....။ ကိုယ်တို့အားလုံး စိတ်ဓါတ်ကြံ့ခိုင်ကြမယ်နော်....။ 

ကိုယ့်အတွက် ဆောင်းညတစ်ခုအတွက် အေးမြတဲ့ နှင်းပေါက်လေးတစ်စက် အသွင်ဖြစ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....။ ကိုယ့်တစ်ယောက်ထဲအတွက်မဟုတ်ဘဲ ကိုယ်တို့ချစ်တဲ့သူတွေအားလုံးအတွက် မျှော်လင့်ခြင်းမနက်ဖြန်များစွာအတွက် ထာဝရနှင်းစက်ဖြစ်ပါစေ ကလေးလေးရေ.....။


7th Feb’2021
12:53 Am
မိုးငွေ့

 

↧

နွေဦး.....(၁၁)

$
0
0




နွေဦးမနက်ခင်းမှာ  မြူတွေကြားတိုးဝှေ့လင်းဖြာရတဲ့ နေခြည်နုတွေက သိပ်လှတာပဲ.....။

အိန်ဂျယ်ရေ........မင်းဘယ်ရောက်နေလဲ

နွေဦးမှာ မြက်ပင်တချို့ခြောက်သွေ့ တချို့စိမ်းလန်း မြူငွေ့တွေလွှမ်းခြုံထားခံရလို့ ချမ်းနေလေရော့လား...
နွေဦးလေပြေကတော့ တသုန်သုန်တိုက်ခတ်နေလေရဲ့....အိန်ဂျယ်
အဝါနုရောင် မှိုင်းမှုန်နေတဲ့ ပတ်ဝန်းကျင်အနေအထားဟာလည်း မိုးရာသီမှာမြင်တွေ့နေကျ မိုးခိုးရောင်တွေလိုပဲ လွမ်းစိတ်ကို တိုးတိတ်နဲ့ တရိတ်ရိတ်တက်စေတာပဲ....

နွေဦးရောက်တိုင်း မနက်နိုးထလာတဲ့အခါ မြင်တွေ့ရတဲ့ မြင်ကွင်းတစ်ခုကို နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်တစ်ကားလိုသိမ်းဆည်းထားပါတယ်...။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်လည်း လူမသိသူမသိ အိန်ဂျယ်ရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။ မြန်မာပြည်သူတွေအတွက် "နွေဦးတော်လှန်"ရေးကို အိန်ဂျယ်ကိုယ်တိုင် ပါဝင်နေတယ်လို့လည်း ယုံကြည်ပါတယ်...။
Take Care ပါ အိန်ဂျယ်ရေ........



🎵♬ နွေဦး....နဲ့ လေရူး....မမေ့ဘူး....ထားခဲ့သူ
ငါ့အနားက ထွက်သွား....ဒီအချစ်များ အလှမ်းဝေးကွာ...🎵♬


@@@@@


PS : လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ကျွန်မဆီကို အိန်ဂျယ်နဲ့ပတ်သက်ပြီး နွေဦးဟာ နူးညံ့တဲ့စကားလုံးတွေ ခံစားမှုတွေနဲ့ ဒီနေ့ထိ လိုက်ပါစီးမျောလာခဲ့တာပါ ခုဒီနှစ်နွေဦးမှာ ကျွန်မတို့တိုင်းပြည်အတွက် ပြည်သူတွေအတွက် သစ္စာဖောက် အာဏာရူး စစ်သူပုန်တွေကို ပြန်တော်လှန်ဖို့ "နွေဦးတော်လှန်"ရေးကိုကျွန်မတို့တွေ အရှုံးမပေးတမ်း အနိုင်တိုက်နေကြပါတယ်.... ။ ကျွန်မလိုပဲ မြန်မာပြည်ကြီး ဒီမိုကရေစီပြန်ရအောင်တဒေါင့်တနေရာကနေ ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်....။ ကျွန်မနဲ့အမြင်မတူသူများရှိခဲ့ရင် ဒီနေ့ကစပြီး ကျွန်မဘလော့ကိုလာဖတ်စရာမလိုတော့ပါဘူးလို့ ပြတ်ပြတ်သားသားပြောချင်ပါတယ် ။ ကျေးဇူးတင်ပါတယ်...။ ခုလိုချိန်မှာ အလွမ်းပို့စ်တင်နိုင်သေးတယ်လို့ မထင်ပါနဲ့ ဒီပို့စ်ကမနှစ်ကတည်းက ရေးထားတာ နှစ်တိုင်း Feb လမှာတင်နေကျမို့ ... မပျက်မကွက်လာတင်တာပါ... ။





မိုးငွေ့

↧

Stockholm syndrome.....

$
0
0

 



Stockholm syndrome အကြောင်း ကျွန်တော့်ပိုစ့်တွေထဲမှာ မကြာခဏ ထည့်ပြောခဲ့ဖူးပါတယ်.. မမှတ်မိမှာစိုးလို့ တစ်ခါလောက်ထပ်‌‌ပြီးပြောပြချင်ပါတယ်....။

စတော့ခ်ဟုန်းစင်ဒရုန်းဆိုတာ သမင်က ကျားသစ်ကို ဖြစ်တဲ့ နာခံရိုကျိုးစိတ်မျိုး.. သိုးက ဝံပုလွေကို ဖြစ်တဲ့ သံယောဇဉ်စိတ်မျိုးကို ခေါ်တာပါ.....။

ကိုယ်ကြောက်ရွံ့မုန်းတီးရွံရှာရမယ့်.. ကိုယ့်ကို ဒုက္ခပေးခဲ့တဲ့.. ဆက်ပြီးတော့လဲဒုက္ခပေးနေမှာကိုသိရက်နဲ့ ခဏတာ ကိုယ့်အပေါ်ပျော့ပျောင်းညင်သာပြလိုက်တဲ့အချိန်မှာ ကျေးဇူးတွေရေစီးကမ်းပြိုတင်ပြီး မေတ္တာတွေဒလဟောသက်၀င်လိုက်တာမျိုးကို စတော့ခ်ဟုန်းစင်ဒရုန်းလို့ခေါ်ပါတယ်.....။

အမြဲရုပ်တည်နဲ့အရိုက်ကြမ်းတဲ့ဆရာကြီးက စာသင်ချိန်တစ်ချိန်လောက်မှာ အရွှန်းဖောက်ဟာသနှောလိုက်တာလေးကို တစ်တန်းလုံးကကျောင်းသားတွေမေ့မရဖြစ်ကြတာမျိုး....။

အမြဲတမ်းအနိုင်ကျင့်နှိပ်စက်တဲ့အမျိုးသားက တစ်ရက်တစ်လေစိတ်ကောင်း၀င်တုန်း ဈေးဖိုးပိုပေးတာကို မိန်းမလုပ်သူက တသသရင်ခုန်ရတာမျိုး.....။

ကိုယ့်ကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ရန်သူခေါင်းဆောင်က တစ်ရက်လောက်မှာ ဟင်းကောင်းတစ်ခွက်ချကျွေးပြီး "စားလိုက်ဦး.."လို့ပြောတာကို မျက်ရည်လည်ရွဲနဲ့ကျေးဇူးတင်မိတာမျိုး.....။

ကြာပွတ်တရွှမ်းရွှမ်းနဲ့အရှိုးရာပေါင်းများစွာကိုယ့်ကျောပေါ်တင်ခဲ့သူသခင်က တစ်ခါလောက်မရိုက်ပဲ ရွယ်ရုံရွယ်တာကို ကျွန်ဖြစ်သူစိတ်ထဲမှာ ငါ့သခင်ကြင်နာလှချည်ရဲ့လို့ တွေးတာမျိုးတွေအားလုံးဟာ စတော့ခ်ဟုန်းစင်ဒရုန်းတွေချည့်ပါပဲ.....။

ဒီစင်ဒရုန်း၀င်လာချိန်မှာ လူဟာ ကိုယ့်အပေါ် abuse လုပ်နေသူအပေါ် တဖြည်းဖြည်းနားလည်လက်ခံလိုစိတ်၀င်လာပြီးသံယောဇဉ်တွယ်မိတတ်ပါတယ်.. သူ့ဘက်ကနေ မရည်ရွယ်ပဲရပ်တည်မိသွားတတ်ပါတယ်.. ပိုဆိုးလာရင် ကိုယ့်ကို ကယ်ဆယ်မယ့်သူကိုတောင် အနှောင့်အယှက်လို.. ရန်သူလိုပြန်မြင်လာတတ်ပါတယ်.. ....။

သမိုင်းမှာ မင်းစောလူးဟာ သူ့ကိုဖမ်းချုပ်ထားတဲ့ ငရမန်အပေါ် ယုံကြည်အားကိုးလာပြီး နောက်ဆုံးငရမန်လက်ချက်နဲ့ပဲအသက်ပျောက်ခဲ့ရတာက အထင်ရှားဆုံး စတော့ခ်ဟုန်းစင်ဒရုန်းလို့ ဆိုင်နိုင်မလားပဲ.....။

လူရဲ့ခံစားချက်ဟာ အကိုင်အလှုပ်ကြမ်းတဲ့သူအပေါ် ပိုပြီး အက်ကွဲ ယိုစီးလွယ်ပါတယ်.. ကျိုက်ကျိုက်ဆူတဲ့ရေနွေးတွေလောင်းထည့်ထားတဲ့ခွက်ထဲ ရုတ်တရက် ရေခဲရေထည့်လိုက်တဲ့အခါ ခွက် အက် သွားတတ်သလိုပေါ့.. ဒီအတိုင်းချစ်အောင်လုပ်တာထက် မုန်းအောင်အရင်လုပ်ပြီးမှချစ်‌အောင်ပြန်လုပ်ရတာက ပိုလွယ်တယ်.. ဒီအတိုင်း လေးစားမှုရယူတာထက် ကြောက်အောင်လုပ်ပြီး ရိုသေမှုကိုပြန်ယူတာက ပိုလွယ်တယ်.. ပြောရရင်တော့ဖြတ်လမ်းနည်းပေါ့.. psychological cheat code တွေ.....။

လူဟာအခြားလူအ‌ပေါ် ရက်ရက်စက်စက် လုပ်ခွင့်မရှိဘူးလို့ အခိုင်အမာယူဆထားတဲ့လူတစ်ယောက်ရှေ့မှာ နေ့စဉ်ရက်ရက်စက်စက်တွေလုပ်ပြမယ်ဆို အဲ့ဒီ့လူရဲ့အတွေးအမြင်ဟာ တဖြည်းဖြည်းအကြောက်တရားစိမ့်၀င်ပြီးပြောင်းလဲသွားတယ်.. တစ်ရက်မှာ ရက်ရက်စက်စက်လုပ်ပြနေခြင်းကို အရင်ထက်လျှော့ပြလိုက်မယ်ဆိုရင် သူကိုယ်တိုင်ကိုက "ဒီ‌နေ့လိုသာဆိုတော်သေးတာပေါ့"လို့ လက်ခံသွားတော့တာပဲ.. Good cop bad cop technique လဲ ထိုနည်း၎င်းပဲ.. သူကကျ လူနှစ်ယောက်သုံးတာပဲကွာတယ်.....။

ဒါတွေဟာ ဦးနှောက်မှာရေးသားထားပြီးသား wired program တွေချည့်ပဲမို့ နည်းသိရင် လုပ်လို့ရတာတွေချည့်ပဲ.. တချို့အဖွဲ့အစည်းတွေဟာ အကြောက်တရားကိုအဆင့်ဆင့်ပေးပြီး အုပ်ချုပ်ရတယ်.. အကြောက်တရားကို ဘယ်လိုရိုက်ထည့်ရမလဲ.. ဘယ်လိုတစိမ့်စိမ့်သွင်းရမလဲ.. ဘယ်လိုပြန်ထုတ်ရမလဲ.. တဖက်ကမ်းခတ်ကျွမ်းကျင်ကြတယ်.. ...။

ဒါတွေနဲ့အကျွမ်းမ၀င်သူတွေကျတော့ အဟုတ်ကြီးမှတ်တယ်.. တစ်ခါလောက်အစာ၀နေတုန်း ကိုယ့်လည်မြိုကိုကိုက်မဖောက်ပဲ လျှာနဲ့လာသပ်တာကို ကိုယ့်အပေါ် တကယ်ကောင်းလို့ ညှာတာထောက်ထားတယ်လို့ ထင်မှတ်မှားတယ်.....။

ကျားအတွက် သမင်ဟာ အမြဲတမ်းသမင်ဆိုပေမယ့်..သမင်တွေကတော့ တခါတရံ ကျားကို ကျားဆိုတာ မေ့မေ့သွားတတ်ကြတယ်.....။


Crd


↧

ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာ.....

$
0
0


"၀မ်းနည်းပါကြောင်း"#မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ပါလျက်နိုင်ငံ့အရေးကို စိတ်မ၀င်စား၊ ကိုယ်နဲ့မဆိုင်သလို နေပြီး ဘ၀ကို  ဖြတ်သန်းနေသူတို့အတွက် ဆရာကြီး မင်းသု၀ဏ်ရဲ့ ကဗျာလေး....


"၀မ်းနည်းပါကြောင်း"

*********************

လမ်းဖောက်တော့ သူမပါ

လမ်းပြင်ရာ သူမရောက်

ဖြောင့်ဖြူးစွာ လမ်းပြေချောတော့

ကျော့ကျော့လေးလျှောက် ။


ကန္တူးရာ သူမပါ

ကန်ပြင်ရာ သူမရောက်

မြကန်သာ ရေကြည်သန့်မှ

ခန့်ခန့်လေးသောက် ။


ပန်းစိုက်ရာ သူမပါ

ပေါင်းသင်ရာ သူမရှိ

ပန်းပေါင်းစုံ သင်းကြူမွှေးတော့

ရွေးပန်ချင်၏ ။


ရပ်ရွာရေး ဆွေးနွေးရာ

ဖယ်ရှောင်ခွာ သူမရော

သူထင်ရာ မြင်အတွေးနဲ့

ဘေးထိုင် ဘုပြော ။


လူ့ဘ၀ ခဏတာ

မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့

လူပီစွာ ကိုယ့်အမျိုးတွက်

ကြိုးလိုက်စမ်းပါ ။

သိလျက်နဲ့ သွေရှောင်ခွာ

ဝေဖန်ကာ အမြင်စောင်း

မူမမှန် တယူသန်အတွေးတွေနဲ့

ကလေးလို အရေးဆိုကြမ်းတော့

၀မ်းနည်းပါကြောင်း ။       


ဆရာကြီးမင်းသု၀ဏ်

↧
↧

ငါတို့အားလုံးတစ်ခုထဲ......

$
0
0

 




ငါတို့အားလုံး “တခုချင်း”စီကနေ

ငါတို့အားလုံး “တခုထဲ”ဖြစ်သွားတဲ့အခါ........


"ငါတို့အားလုံးတခုထဲ"

================

ကင်မရာ​တွေ​ရှေ့

ဗိုက်ဖုံးအင်္ကျီလှန်ပြလိုက်တာ

အဲဒီမိန်းမရွယ်ရဲ့ ဗိုက်သားမဟုတ်ဖူး

"အနာဂါတ်ကြီး"ဗျ

​နေ့​စေ့ လ​စေ့ အနာဂါတ်ကြီး

"မဖျက်ဆီးနဲ့

အညွှန့်မချိုးနဲ့ "လို့ ​ပြော​နေတာ


အိုက်တင်​ကောင်းလို့ 

သရုပ်​ဆောင်​နေတာမဟုတ်ဘူး

ပလက်​ဖောင်း​ပေါ်လက်အုပ်ချီရင်း

စီးကျလာတဲ့ မျက်ရည်​တွေက

စာနာဖို့ ဆင်ခြင်ဖို့


နံရံကို မှုတ်​ဆေးနဲ့ 

လက်​​​ဆော့​နေတာမဟုတ်ဘူး

ငယ်သူအိပ်မက် အပျက်မခံ ပန်းချီမှာ

လွတ်လပ်ခြင်းရဲ့ ဒရမ်​တွေ"ထမြည်​"နေတာ


အိုးခွက်ပန်းကန်​တွေကို 

ထုရိုက်​နေတာ မဟုတ်ဘူး

ကျင့်ဝတ်မဲ့မ​ကောင်းဆိုးရွား​တွေကို ​​

မောင်းထုတ်​နေတာ


ဘဏ်ဖယ်ရီက သူ့​ရှေ့လမ်း​ပေါ်

ပစ်ခင်းချလိုက်တဲ့ နှလုံးသား​တွေ​ရှေ့

ကျွီ"ကနဲ ဘရိတ်အုပ်လိုက်​တော့

အနင်းကျိတ်ခံဖို့ ​ရွေးထားတဲ့

လူသားစင်စစ် ဧကန်ဖြစ်​တွေကို​တွေ့ရတယ်


မီးပွိုင့်မှာ

 စက်​သေကုန်တဲ့ကား​တွေ ရှေ့

ရင်ကျပ်လာလို့ တုံးလုံးရပ်လိုက်ရတဲ့ 

လူသား​​တွေ


အို...ကမ္ဘာကြီးရဲ့....

​လေထဲဝဲပျံ​နေတဲ့ ဓါတ်ပုံ​တွေကြည့်လိုက်ပါ


ယုံကြည်ရာပိုစတာကိုယ်စီနဲ့

လမ်းကူးလာတဲ့ လူအိုစုံတွဲလည်းပါတယ်


သံပုံးတီးရင်း ငိုမဲ့မဲ့ အ​ဒေါ်ကြီးလည်း

ပါတယ်


ဝှီးချဲ​ပေါ်က အံကြိတ်​နေတဲ့ ဖခင်အို

ဘုရားစင်​ရှေ့ သစ္စာဆို​နေတဲ့ မိခင်အို နဲ့


အင်ဂျင်နီယာမှာလည်း သူ့တန်ဖိုးနဲ့

အထည်ချုပ်သမ​​လေးလည်း သူ့တန်ဖိုးနဲ့


စတီယာရင်ကိုင်​သော လက်​တွေ

​မြေဖြူကိုင်​သော လက်​တွေ


​ခေတ်လမ်းနံရံမှာ ကာတွန်းတကွက်

ကဗျာတ​ကြောင်း၊ ပန်းချီတချပ်၊

​ဆေးထိုးအပ်နဲ့၊ ကီးဘုတ်ဖိုက်တာများ.....

အားလုံး.....စက်​ခေါင်း​​​မောင်းသမား


ဒီလမ်း​ပေါ်မှာ အခု​တော့

​ကျောင်း​​တော်က ရန်စ​တွေ​​တောင်

​ယောက်ဖ​ရေ သားရီး​ရေ ပြန်​ခေါ်လို့


ဘုရား​ကျောင်း​ရှေ့ ချပ်ဂျ်ကျောင်း​ရှေ့

ဗလီ​ရှေ့မှာ အားလုံးအတူ


ချီတက်သူ​တွေစားပြီးမှ

အ​​မော​ပြေ အလကား​ကျွေးတာပါလို့ ​

ပြောသွားတဲ့ ဖရဲသီးသည်​လေးကအစ.....


ငါတို့အားလုံး 'တခုချင်းစီ'က​နေ

ငါတို့အားလုံး "တခုထဲ"ဖြစ်သွားတဲ့အခါ


ငါတို့ဟာ

နိုင်မြင်းကို ​ရွေး​​လောင်းသူ​တွေ မဟုတ်

ကိုယ်တိုင်ပန်းဝင်တဲ့ နိုင်မြင်းအဖြစ်

ကိုယ်တိုင် ကဆုန်ဆိုင်း​ပြေး​နေကြတာ။


#မင်းကိုနိုင်

၁၉.၂.၂၀၂၁


↧

ရှမ်းသခွားသီးသုပ်.....

$
0
0






ရှမ်းနဲ့မြန်မာ သခွားသီးသုပ်တာ ဘာကွာလဲဆိုတော့ ဆီချက်နဲ့ငံပြာရည်ထည့်မထည့်ပဲကွာမှာပါ.....။ ရှမ်းသုပ်ကရိုးရှင်းတယ်  ခုလိုရာသီဥတုပူတဲ့အချိန်နဲ့ အကြောင်းကြောင်းကြောင့် ထမင်းစားမကောင်းတဲ့သူများအတွက် ခံတွင်းမိန်စေမယ့် သတ်သတ်လွတ်လည်းဖြစ်တဲ့ အရံဟင်းလေးတစ်ခွက်ပါပဲ...။ သခွားသီးသုပ်ကို စားခါနီးမှ သုပ်တာအကောင်းဆုံးပါ မဟုတ်ရင်   အရည်တွေထွက်လာလိမ့်မယ်...။ နွေရာသီမှာ ဝမ်းအေးစားမြိန်စေမယ့် ရှမ်းသခွားသီးသုပ်ကို ဘယ်လိုပြင်ဆင်ရမလဲ ကြည့်ရအောင်...။


ပါဝင်ပစ္စည်းများ

သခွားသီးအနေတော် ၃လုံး
ကြက်သွန်ဖြူ ၄မွှာ
မြေပဲဆံလှော်ထောင်း ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း မိမိကြိုက်သလောက်
သံပရာသီး တစ်စိပ် (ရှမ်းရှာလကာရည်တစ်ဇွန်း)
ဆား အချိုမှုန့် (လိုသလို)


သခွားသီးကိုရေစင်စင်ဆေးပြီး အခွံခွာပါ အမျှင်လိုက်ခြစ်ထားပါ မဟုတ်ရင်လဲ ပါးပါးရှည်ရှည်လေးတွေလှီးထားပါ အလည်အူတိုင်နုရင် မပစ်ပါနဲ့ ပါးပါးလှီးယူထားပါ...။ ကြက်သွန်ဖြူဓါးပြားရိုက်ထည့်ပါ ကျန်ပါဝင်ပစ္စည်းများထည့်နယ်ပြီးရင် နံနံပင်ကြိုက်ရင် နဲနဲထည့်ပါ...။ မြေပဲဆံထောင်းရဲ့ဆိမ့်တဲအရသာနဲ့ အရည်ရွှန်းတဲ့သခွားသီးချဉ်ချဉ်လေး ရပါပြီ....။







↧

သင်္ကြန်မှာပိတ်ရက်မှာဖတ်ဖို့.....

$
0
0








မလွမ်းတတ်အောင်သင်ပေးပါနဲ့...စံ  ဆိုတာ ၂၀၂၁ မှာ ပထမဆုံးဝယ်ဖတ်ဖြစ်တဲ့စာအုပ်နှစ်အုပ်ရဲ့ နာမည်တွေပါ ...။ ဆရာဇဏ်ခီရဲ့ ဒုတိယမြှောက်စာအုပ် "စံ"ဆိုတဲ့ Standard  နဲ့ ကျွန်မတစ်ခါမှမသိသေးတဲ့ လူငယ်စာရေးဆရာ ကောင်းမြတ်ပိုင်ပိုင်ရဲ့ မလွမ်းတတ်အောင်သင်ပေးပါဆိုတဲ့ ကဗျာမကျ အက်ဆေးမကျ စာစုတွေနဲ့ ဝတ္ထုတိုတွေပါတဲ့ စာအုပ်ပါးလေးပါ....။



သင်္ကြန်အကြိုကနေ နှစ်ဆန်းတစ်ရက်ထိ ဥပုသ်သီလဆောက်တည်မယ်....။ ကုသိုလ်များများလုပ်ဖို့လိုနေတဲ့အချိန်ပါ ခါတိုင်းလို သင်္ကြန်ကိုအပြင်ထွက်ရေကစားရမယ့်ချိန်မဟုတ်ပါဘူး....။ တိုင်းပြည်ကြီး ကပ်ဆိုးကျရောက်နေချိန် ကျွန်မတို့ ကုသိုလ်ကောင်းမှု တတ်နိုင်သလောက်လုပ်ပေးရမယ်...။ စိတ်နဲ့တောင်မှ အကုသိုလ်မလုပ်မိဖို့ သတိလေးနဲ့ဆင်ခြင်သင့်ပါပြီ....။ မကျေနပ်လို့ဆဲဆိုကျိန်တိုက်မှုတွေလုပ်လေလေ အကုသိုလ်ကြောင့် ကောင်းလာမယ့်အချိန် နှောင့်နှေးလေလေပါပဲ....။ စိတ်ရှည်ရမယ် သီးခံရမယ် ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ထားနိုင်ရမယ်....။

ကျွန်မတို့ အိမ်မှာနေရင်း တိုင်းပြည်အတွက်လုပ်နိုင်တာ ကူပေးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်...။ တစ်ခုချင်းစီချမရေးပြတော့ဘူးနော် ဝိနည်းလွတ်အောင်လို့...။ အိမ်မှာ ကုသိုလ်လေးလုပ်ပြီး ကိုယ့်ဘာသာကို နှစ်ကူးကြပါ ....။ စာဖတ်ပါ အစားကောင်းကောင်းစားပါ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ အားရှိအောင်နေပါ ခန္ဓာကိုယ်ကျန်းမာမှ ကျွန်မတို့ လုပ်ချင်တာ ဖြစ်ချင်တာကို လုပ်လို့ရမှာ....။ 

မြန်မာ နှစ်ကူးအခါသမယမှာ ကောင်းမှုကုသိုလ်များများလုပ်ပြီး လတ်တလောကျရောက်နေတဲ့ ကပ်ဆိုးကြီးကိုအမြန်ဆုံး ကျော်လွှားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်....။


မိုးငွေ့

↧

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် နှင့် အတာအိုး အကြောင်းသိကောင်းစရာ.....

$
0
0



 သင်္ကြန်ပုံပြင်

 တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ( ၂ ) ယောက် စကားလက်ဆုံပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ( ၈ ) ရက် ရှိခဲ့ပြီး ယခုအခါ ( ၇ ) ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူး ဆိုကာ ငြင်းခုံကြပါတော့တယ်...။

 ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ်ခံယူကြတော့တယ်။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ( ၇ ) ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ် ပေးခဲ့ပါတယ်။

 ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

 ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင်ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှရေများ ခန်းခြောက် သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသွားတယ်...။

 ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်ပါတယ်...။

 ထိုနတ်သမီးတွေရဲ့ တစ်ဦးမှတစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာခြင်းလို့ ဆိုပါတယ်။  

မြန်မာပြည်မှာ တစ်နှစ်တစ်ခါထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

 ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ်မှတ်ယူနိုင်ပါတယ်...။


 သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

 မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ၊ အတာစားဟူသော ဝေါဟာရ တို့ကို ပြောဆိုသုံးစွဲကြတာကို တွေ့ရပါတယ်။

 အတာ ဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အန္တ-အဆုံးဟူသော ပါဠိပုဒ်မှ အတာ ဖြစ်လာသည် ဟုလည်း ကြံဆကြပါတယ် ။

 ယင်းအလိုအားဖြင့်အတာ ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်...။

 အတာရက်ဆိုသည်မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ် သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် `` အတာသင့်  သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆိုသုံးစွဲ နေကြပါသေးတယ် ။

 အတာစားသည့် နေ့နံသားသမီး တို့သည် အတာတက်မည့်အချိန် အတိအကျတွင်  ``အတာစား ရပါတယ်

အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော် ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေတွေ့ရပါတယ် 

 အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ် ။

 အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းကလူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုကြလေ့ရှိပါတယ်...။

 အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှုကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့အတူ အတာပန်း ဆိုတာရှိတယ်။ အတာပန်းတွေကတော့ 


 တနင်္ဂနွေ - အုန်းရွက်၊ သြဇာရွက်

 တနင်္လာ - ကန့်ကော်ပန်း၊ ခရေ

 အင်္ဂၤါ - ဇီးရွက်

 ဗုဒ္ဓဟူး - ရွက်လှ၊ ရေတမာ

 ကြာသပတေး - မြေဇာ၊ မာလကာရွက်

 သောကြာ - သပြေပန်း

 စနေ - တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့် နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။


 တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့်ထည့်ကြပါတယ် 

 သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ အတာအိုး နဲ့ အတာပန်း ကနေ ပရိတ်အိုး နဲ့ ပရိတ်ပန်း အဖြစ် အသွင်ကူးပြောင်းပီး မိမိတို့အိမ် ပတ်ပတ်လည်မှာ ပရိတ်ပန်း ပရိတ်သဲ တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူဓလေ့ရှိကြပါတယ်....။

Crd

နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ



↧
↧

Warmly Welcome NUG.....

$
0
0

 



နားထောင်ကြည့်....။ နောက်ဆုံး စစ်မြေပြင်က ကလေးတယောက်က သူနဲ့ရွယ်တူ ရန်ကုန်ကနေ အနွေးထည်အင်္ကျီလှုပေးလိုက်တဲ့ ကလေးရဲ့စာတစ်စောင်ကို ဘယ်လိုပြန်ရေးလိုက်လဲဆိုတာ နားထောင်ပြီး မျက်ရည်ကျမိတယ်....။ ကျွန်မတို့အမှောင်ကြီးစိုးတဲ့နေ့ရက်တွေ အမြန်ဆုံးကုန်လွန်ပါစေ....။ ခုဆိုရင် ရောင်နီသန်းလာဖို့ သတင်းတစ်ခုကိုမနေ့ကပဲ နှစ်သစ်မှာ ကျွန်မတို့ ကြားသိရပါပြီ....။ နွေးထွေးလှိုက်လှဲ အားကိုးစွာဖြင့် NUG (National Unity Government) ကိုကြိုဆိုပါတယ်...။ အဓမ္မကို ဓမ္မကပဲ အနိုင်ရမှာပါ....။


↧

ဓမ္မအထွေထွေမှတ်စုများ(၁၄).....

$
0
0



နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ အိမ်မှာကိုးကွယ်ဆည်းကပ်ပူဇော်ထားတဲ့ မြတ်စွာဘုရားရုပ်ပွားတော်များကို စံပါယ်ပန်းနံ့သာရေနဲ့ ရေသပ္ပါယ် ကုသိုလ်ကောင်းမှုပြုပါတယ်.....



တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။

မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင် သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။

သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲသူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။

အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ် အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ် ။

နောက်....ဗျာပါဒ.. ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက်စိတ်ထဲပေါ်လာရင် "ဟာ .... ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်

စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊

ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်

ကောင်းမှာပဲ "ဆိုတဲ့ အတွေး၊အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ် ။

နောက်တစ်ခုက_မိစ္ဆာဒိဌိ

မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။

ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။

မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။

ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်

စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။

ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူး။

အခုမှ သရက်ပင်စိုက်တာ။သရက်သီး စားရပါ့မလား မစားရပါဘူး။ကောင်းတာ အခုမှ လုပ်တာ မကောင်းတာတွေ ကြုံနေရတယ်။အတိတ်က မကောင်းတာတွေဘယ် လောက် လုပ်ခဲ့မှန်းမှ မသိတာ ။အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာ ရှိတယ်။

ကံကို ငြင်းပယ်တာ "အကိရိယဒိဌိ "လို့ ခေါ်တယ် ။

ကုသိုလ်ဆိုတာ မရှိပါဘူး။

အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့

ငြင်းပယ်တဲ့ ဝါဒကို "အကိရိယဝါဒ "လို့ ခေါ်တယ်။

အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။

နောက် "နတ္ထိကဒိဌိ "ဆိုတာကံရဲ့အကျိုးတရားကို လက်မခံဘူး။

မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ ဝါဒ။

နောက်တစ်ခုက"အဟေတုကဒိဌိ"အကြောင်း တရား ကို ငြင်းပယ်တာ၊ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကိုငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ် ။

အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။

သူသွားရမယ့်လမ်းကတော့အပါယ်လေးဘုံပဲ။

ဘာလို့တုန်းဆိုတော့ ....

သူက ကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ။

လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။

အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်

မကောင်းတာပဲ လုပ်ကြတော့မယ်။

ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့တူတယ်။ မကောင်းတာလုပ်တယ်ဆိုတာ ရေစုန်နဲ့တူတယ် လွယ်တယ်၊ မျှောချရုံပဲ ။

ဒါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်

ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ

Ashin Nandamãlãbhivamsa - အရှင်နန္ဒမာလာဘိဝံသ

↧

အလင်းနဲ့ အမှောင် …

$
0
0



ကမ္ဘာကြီးမှာ အခု ဖြစ်နေတာတွေ အားလုံးဟာ အချိန်ကျလို့ ဖြစ်နေတဲ့ အရာတွေပဲလို့ ဆက်စပ်တွေးမိလာတယ် ....။

၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ကောလဟာလ ပြောခဲ့ကြတာ ကို မှတ်မိကြမယ်ထင်ပါတယ် 

ရုပ်ရှင်တွေတောင် ရိုက်ကြသေးတယ်လေ .. 

Maya ရှေးဟောင်းလူမျိုးတွေ ရဲ့ Mayan Calendar အရ ၂၀၁၂ ဇွန် ၂၁ မှာ ကမ္ဘာပျက်မယ်ဆိုတယ် ...။

ဒီဇင်ဘာ ၂၁ ၂၀၁၂ မှာ အလုံးစုံပျက်သုန်းမယ် လို့ ကောလဟာလတွေ ထွက် ရုပ်ရှင်တွေရိုက်ကြနဲ့ အတော်ဟော့လိုက်သေးတယ် နော် .. ဒါပေမယ့် ၂၀၁၂ မှာ ကမ္ဘာမပျက်ခဲ့ပါဘူး ...။

တကယ်တော့ မာယ တွေက အဲဒီအချိန်မှာ ကမ္ဘာ ပျက် မယ်လို့ ပြောခဲ့တာ မဟုတ်ပါဘူး တဲ့ .....။

ကမ္ဘာဟာ Transformation  အပြောင်းအလဲ တွေ  ဖြစ်မယ် Rebirth ဆိုတဲ့ အသစ်တဖန်ပြန်လည်မွေးဖွားခြင်း တွေ ဖြစ်မယ် လို့ ပဲ ပြောခဲ့တာဖြစ်ပါတယ် လို့ လေ့လာသူတချို့ကလည်းပြောပါတယ် .....။

https://youtu.be/xN6E5AFEb9M

တကယ်တော့  မာယန်ပြက္ခဒိန် ကို ၈ နှစ် ထည့်ပေါင်းမှ အခုခေတ် ပြက္ခဒိန် ရက်များနဲ့ ညီမယ်လို့ တချို့ကလည်း တွက်ပြကြတယ်...။

ဆိုတော့ မာယန်တွေ ပြောခဲ့တဲ့ ၂၀၁၂ ဇွန် ၂၁ က ခုခေတ်ပြက္ခဒိန် နဲ့ ဆို ၂၀၂၀ ဇွန် လ ၂၁ ဖြစ်ပြီး ၂၀၁၂ ခု ဒီဇင်ဘာ ၂၁ ဆိုတာ ၂၀၂၀ ဒီဇင်ဘာ ၂၁ ကို ပြောတာဖြစ်ပါတယ် ...။

စိတ်အလုပ်တွကို လုပ်တဲ့ Spiritual သမားတွေကတော့ ဒါတွေကို ကြိုသိလို့ Transformation process တွေ လုပ်ခဲ့ကြတယ် .. ...ချောက သိလို့တော့ မဟုတ်ပါဘူး 

ဒါပေမယ့် အကြောင်းတွေဖန်လာလို့ အပြောင်းအလဲ တွေ လုပ်ဖြစ်ခဲ့တယ် 

တကယ့်ကို အချိန်မှီဆိုမှ အချိန်မှီလေးပဲ .. 

၂၀၂၀ ဒီဇင်ဘာ ၂၁ မှာ လုံးဝပြောင်းလဲ တဲ့ process ကို စတင်ခဲ့ပြီး အခု လုပ်ခဲ့တဲ့ ရက် ၉၀က Rebirth process ပါ .. ...။

ဧပြီ ၁၈ က စပြီး အဟောင်းသေဆုံး အသစ်ပြောင်း ဆိုတဲ့ ဖြစ်စဉ်က တကမ္ဘာလုံးမှာ ဖြစ်တော့မယ်လို့  Inner Circle ထဲက လူတွေ တော်တော်များများပြောကြတယ် ...။

စနစ်ဟောင်းတွေ အကျင့်ဟောင်းတွေ နေရာမှာ စနစ်ကောင်းတွေ အကျင့်ကောင်းတွေ မွေးဖွားလာ မယ် တဲ့ ...။

Cultivation ➡️ Transformation ➡️ Rebirth  ဆိုတဲ့ ဖြစ်စဉ်မှာ အခု ကြုံနေကြရတာက Cultivation ဖြစ်စဉ် လို့ ပြောရမယ်ထင်တယ်.....။

လူတွေဟာ မျက်နှာဖုံးတွေ ကွာကျလာမယ် ..

အတွင်းစိတ်တွေကို ဘွားကနဲ မြင်ရမယ် ..

ဟန်ဆောင်လို့ မရတော့ဘူး .....

အရင်က အဖြူ လို့ ကိုယ်ထင်တဲ့ သူက အတွင်းက အမည်းဖြစ် နေတယ်ဆိုရင်လည်း အမည်းကို မြင်ရမယ် ...။

အရင်က ကိုယ်က အမည်းလို့ ထင်ထားတဲ့ သူက လည်း အဖြူ ဖြစ်နေနိုင်တာကိုအံ့ဩစွာတွေ့ကြရမယ် ....။

မိတ်ဆွေဟန်ဆောင်ထားတဲ့ ရန်သူ ကို မြင်လာရသလို ...ရန်သူလို့ ကိုယ်ထင်ထားတဲ့ သူက မိတ်ဆွေဖြစ်လာနိုင် တယ်တဲ့ ...။

ကိုယ်လုံးဝ ထင်မထားတဲ့ အရာတွေကို မျက်ဝါးထင်ထင် မြင်နေရမယ်တဲ့ .....။

လုံးဝ surprise တိုက်တဲ့ အချိန် ပဲ ...။

ဒီကာလဟာ အကောင်းအဆိုး ခွဲခြားပြမယ် 

အမှောင်နဲ့ အလင်းဟာ ကွဲပြားသွားမယ် 

အစုန်လမ်း နဲ့ အဆန်လမ်း လမ်းချင်းမတူရင် 

နှုတ်ဆက်ကြရမယ့် အချိန်ဖြစ်ပါတယ် ...

မျက်လုံးထဲ မြင်အောင် ပြောရရင် အရင်က စီးလာတဲ့ ရထား က ဘူတာကြီး ကို ဆိုက်လို့ အားလုံး ရထားပေါ်က ဆင်းပြီး ရှေ့ဆက်မယ့် ခရီး အသီးသီး အတွက် ကိုယ့်ရထား ကိုယ်ရှာပြီး ပြောင်းစီးကြရသလိုပေါ့  ...။

ကိုယ်သွားမယ့်လမ်း မှာ တူရာခရီးသည်တွေ စု ပြီး ကိုယ့် ရထား ကိုယ် ပြောင်းစီးရမယ့် အချိန် ဆိုတော့ ....။

တချို့ကလည်း ရထားလက်မှတ်လည်း ရပြီ စီးရမယ့် ရထားနဲ့ ပလက်ဖောင်းလည်း တွေ့ပြီ ..။

တချို့ကတော့ ဘယ်ရထား စီးရမှန်းမသိသေးလို့ လိုက် ရှာနေတုန်း.. ..။

တချို့ကလည်း လက်မှတ်ရဖို့ တိုးနေတုန်း .. 

တချို့ကလည်း စီးလာတဲ့ ရထားကြီး ဆက်ထွက်မယ် အထင်နဲ့ ရထားပေါ်ထိုင်နေကြတုန်း

တချို့ကလည်း ကိုယ့်အုပ်စု နဲ့ ခရီးချင်းမတူ လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ....။

animation လေး လုပ်တတ်ရင် ကိုယ်မြင်တာတွေ ဖန်တီး ပြီး ပြချင်မိတယ် ...။

လူတွေက သတိမထားမိကြလို့ ပါ .. 

၂၀၂၀ မှာ ကိုဗစ်စ ပြီဆိုကတည်းက ဘဝမှာ အပြောင်း အလဲ တွေ အများကြီး ကြုံခဲ့ကြမှာပါ ....။

ချစ်သူတချို့ ကွဲကွာသွားတယ် .. 

လင်မယားတွေ ကွဲကြတယ် ....

မိတ်ဆွေတွေ အဟောင်းတွေ နဲ့ လမ်းခွဲပြီး အသစ်တွေ တွေ့ရတယ် ....။

သွားနေတဲ့ လမ်းကြောင်းကနေ အပြောင်းအလဲ တွေ စိတ်ရော ကိုယ်မှာပါ ဖြစ်လာတာ သတိထားကြည့် ရင်တွေ့ကြရမှာပါ...။

လက်ရှိဘဝကို စိတ်ကုန်ပြီး အပြောင်းအလဲ အတွက် စိတ်အလုပ်လုပ်နေတဲ့ သူတွေ အများကြီးဖြစ်လာတယ် .. ..။

တယောက်ပါပါ သွားခေါ်ပါလို့ ဆရာတော် မိန့်လို့ ရက်၄၀ အပြောင်းအလဲ လုပ်ဖို့ ဖေ့စ်ဘွတ် ပြန်လာတဲ့ အချိန် မှာ တချို့ ကလည်းသူတို့ စိတ်အခံကြောင့် ချောကို ကြည့်မရဖြစ်ပြီး ဂရု တကာမှာ အတင်းပတ်ပြောနေပေမယ့်  ချော မက်ဆေ့ ဘောက်စ် ထဲမှာတော့ စတင်ပြောင်းလဲ လာပြီး သွားရမယ့် လမ်းတွေ့ပြီ စီးရမယ့် ရထား တွေ့ပြီ တချို့လည်း လက်မှတ်ရပြီ နဲ့ ဝမ်းသာအားရ လာပြောကြတဲ့ သူတွေ အများကြီးပဲ ☺️

သာသနာသက်တမ်း တဝက်ကျိုးရင် သောတပန် တွေကောင်းကင်က ကြယ်တွေလို များလာအုံးမယ် လို့ ဆရာတော်က တရားထဲ ထည့်ဟောတော့ Spiritual လမ်းကြောင်းမှာ တွေ့လိုက်ရဖူးတဲ့ လင်းလက်တဲ့ ကြယ်လေး တချို့ ကို ခရီးသွားရင်း မြင်လာပါတယ်...။

အခုတလော ဖြုတ် ထုတ် သတ် တွေ အားလုံးလုပ်ပြီး ရင် ၂၀၂၂ နောက်ပိုင်း လူမျိုးဘာသာ ခွဲခြားခြင်းတွေ မရှိ တဲ့ တယောက်နဲ့ တယောက် စာနာတတ်တဲ့ မေတ္တာတရားနဲ့ သာယာနေပျော်တဲ့ ကမ္ဘာကြီး ပြန်လည်ဖြစ်လာအုံးမှာပါ  ..။

အရာအားလုံးက ပြောင်းပြန်လှန်ပြီး သကာလ

အရင်က သူများကို ဖြတ်ခုတ် ကလိန်ကျပြီး ချမ်းသာနေတဲ့ ဝိသမလောဘ သမားတွေ  မွဲ သွားပြီး ...။

သမ္မာအာဇီဝ နဲ့ စီးပွားရှာသူတွေ သီလ သိက္ခာ သမာဓိ ရှိသူတွေ ချမ်းသာလာအုံးမယ် ...။

ကမ္ဘာသစ်မှာ လူဆိုးတွေ ဆီက ငွေတွေကို လူကောင်းတွေ လက်ထဲ ထည့်လိမ့်မယ် တဲ့ 

၂၀၂၀ ဒီဇင်ဘာ ၂၁ က စ ပြီး Transformed ဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ သစ္စာတရား သာလျင်အနိုင် ရလိမ့်မယ် ...။

Embodiment မရှိရင် .. မမှန်မကန် လုပ်ရင် သွားမှာပဲ တဲ့ .. ...။

သိကြားသာသနာ ဆိုတော့ ကိုယ်မမှန်လည်း ကိုယ်ခံရမယ် သူမမှန်လည်း သူခံရမယ် ..။

ဟုတ်မဟုတ်ကိုတော့ အသက်မသေသေးသရွေ့ ဖာတလုံးခေါင်းကျားလို မှတ်တမ်းတင်ပြီး စောင့်ကြည့် ကြပေါ့ .. ..။

အဲဒီအခါကျရင် သင့်ရဲ့ မှတ်တမ်းစာအုပ်မှာ အို အသင်လောက လောကမှာ ဒါမျိုးတွေ ရှိတယ်ဆိုတာ ကျွန်ုပ် ကောင်းကောင်းကြီးသိလိုက်ပါပြီ  ဆိုပြီး မှတ်တမ်းတင်ရမယ့် အကြောင်းအရာတွေ အများကြီးဖြစ်လာမှာပါ ☺️

တကယ်လို့ တချို့မိတ်ဆွေများနဲ့  ဒီဘူတာမှာ လမ်းခွဲ ရမယ် ဆိုရင်လည်း အရင်လို ဘယ်တော့မှ ပြန်မဖြစ်တော့မယ့် ကမ္ဘာကြီးမှာ ပျော်ရွှင်စွာ နေထိုင် ရှင်သန်သွားနိုင်ပါစေလို့ ဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ပါတယ် ...။

ချောရွေးထားတဲ့ ရထားလက်မှတ်ကတော့ အဆန်လမ်းမို့ ဈေးနဲနဲ ကြီးပါတယ် .. 🙂 

လမ်းချင်း တူ မတူ တိုက်ကြည့်ရအောင်နော် 

ချောက နိုင်ငံရေးမှာ ညီညွတ်ပြီး တရားမျှတမှု့ ရှိတဲ့ အစိုးရအုပ်ချုပ်တာကို ရွေးပါတယ် ...။

ဘာသာရေးမှာ Spiritual ဆိုတဲ့ စိတ်အလုပ်ကို အားသန်လို့ Religion နဲ့  Spiritual ဆို Spiritual ကို ရွေးပါတယ် ...။

ဘုရားပွင့်လာတာ ဘာသာတခု တည်ထောင်ဖို့ ပွင့်လာတာမဟုတ်ဘူး .. ဘုရားသာသနာက ဘဝနေနေနည်းက စလို့ လွတ်မြောက် ခြင်းအတွက် အကုန်ပြည့်စုံပြီးသားမို့ ကိုယ့်လမ်းကို ရွေးရုံသာ လို့ ယုံကြည် တာကြောင့်ပါ .. ။

ဒါကြောင့် စိတ်ကို စင်ကြယ်အောင် အနာကင်းအောင် အရင်လုပ်ရင်း ဘုရားပြတဲ့ လမ်းကို Truthfulness ရှိရှိနဲ့ လျှောက်ဖို့ ပဲ ကြိုးစားပါမယ် .. ။

( အဲဒါကြောင့် ဘာသာရေး ပေတံ ကြီးနဲ့ လာလာတိုင်း ရင်တော့ အဆင်ပြေချင်မှ ပြေလိမ့်မယ် ..ချောကိုလည်း ယောဂီဝတ်စုံကြီးနဲ့ တွေ့ချင်မှ တွေ့ရ မှာနော် 🙂 .. ) 

လူမှု့ရေး မှာ ကိုယ့်ကို လုပ်ရင် ကိုယ်မကြိုက်တဲ့ အလုပ် မျိုး သူများကို လည်း ဘယ်တော့မှ မလုပ် ဘူးဆိုတဲ့ လမ်းကို ရွေးပါတယ် ...။

Do No Harm  Take No Shit ဆိုတဲ့ အတိုင်းပဲ ..ဘယ်သူ့ ကိုမှလည်း ဒုက္ခမပေးဘူး သူများပေးတဲ့ ဒုက္ခကိုလည်း မယူဘူး လို့ ခံယူထားပါတယ် ...။

ဘက်လိုက်မှု့ Bias တွေ မရှိပဲ တယောက်နဲ့ တယောက် စာနာ နားလည်ပေးတဲ့ ဖြည့်တွေးပေးတဲ့ Unity ..Empathy ..Compassion အပြည့်အဝ ရှိတဲ့ အသိုင်းအဝိုင်း ကို ချဉ်းကပ် ချင်ပါတယ် 

လမ်းချင်းတူရင် ရထားပေါ်မှာ တွေ့မယ်နော် .. ☺️


Crd to Chaw Sukhita

↧

Generation Z တွေရဲ့ရင်ဖွင့်သံ .....

$
0
0

 












တကယ်ဘဲ GEN Z ကိုချီးမွမ်းပါတယ်အရမ်း​တော်ကြပါတယ်....။

တကယ်တော်တဲ့ကလေးတွေပါ။ သူတို့တောင်းဆိုချက်ကလည်းအားလုံးအကျိုးအတွက်ပါ။

(ကူးယူလာတာပါ ပြန်လည်ကူးယူနိုင်ပါတယ်)


GEN Z လေးရဲ့ ရင်ဖွင့်သံ

==================

ဆန္ဒပြတာ ၃ ရက်ရှိပါပြီ။

ဆန္ဒပြတဲ့သူတွေ ကိုကြည့်လိုက်မယ်ဆိုရင်

အသက် ၁၈ နဲ့ ၃၀ ကြား လူငယ်တွေဟာ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ 

ကျွန်တော်တို့ လူငယ်တွေ အားနေလွန်းလို့ လမ်းပေါ်တက်နေတာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့မှာ...

အိမ်မက်တွေ ရှိပါတယ်။

ဘဝတွေ ရှိပါတယ်။

ရည်မှန်းချက်တွေ ရှိပါတယ်။

ပန်းတိုင်တွေ ရှိပါတယ်။

ဆေးလိပ်သောက်တတ်တဲ့ ကောင်ပါချင်ပါမယ်

အရက် ဘီယာကြိုက်တဲ့ ကောင်ပါချင်ပါမယ်

Game ဘဲဆော့ နေတဲ့ ကောင်ပါချင်ပါမယ်

ဒါပေမယ့် ကျွန်တော်တို့ဟာ သိမ်ဖျင်းနေတဲ့ မျိုးဆက်မဟုတ်ဘူး။

Social Media တွေက တစ်ဆင့် ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တယ်။

အင်တာနက်မရှိတဲ့ ကြားက လူပေါင်း ထောင်ချီ သောင်းချီ ပါဝင် လာအောင် ဆက်သွယ်နိုင်ခဲ့တယ်။

ကျွန်တော်တို့ နားထောင်တဲ့ သီချင်းတွေမှာ နားမခံနိုင်တဲ့ ဟာတွေ ပါချင်ပါမယ်။

ဒါပေမယ့် ဆန္ဒပြတဲ့ တစ်လျှောက်လုံး ထူးအိမ်သင်းရေးပြီး မွန်းအောင်သီဆိုခဲ့တဲ့ အရေးကြီးပြီ သီချင်း၊ ကမ္ဘာမကြေဘူး သီချင်းတွေ လမ်းတစ်လျှောက်လုံး သီဆိုဟစ်ကြွေးခဲ့ကြတယ်။

ကျွန်တော်တို့မှာ-

အမှိုက်ကောက်တဲ့ အဖွဲ့ရှိတယ်။ 

ဆေးအဖွဲ့ရှိတယ်။ 

လမ်းရှင်းတဲ့ အဖွဲ့ရှိတယ်။ 

ကြွေးကြော်တဲ့ အဖွဲ့ရှိတယ်။ 

ထောက်ပို့အဖွဲ့ ရှိတယ်။

တစ်မြို့လုံးပတ်ဖို့ အားအင်တွေ ရှိတယ်။

တောင်းဆိုချက်တွေ ဟစ်ကြွေးဖို့ အသံတွေ ရှိတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ခုမရှိပါဘူး။

အဲ့ဒါက အစိုးရ ယန္တရားကို ရပ်အောင် လုပ်နိုင်စွမ်းမရှိပါဘူး။

ကျွန်တော်တို့မှာ အစိုးရကို ယိမ်းယိုင်သွားစေမယ့် ဘာရာထူး အာဏာမှ ရှိမနေကြသေးပါဘူး။

အဲ့ဒီ အစွမ်းက အကိုတို့ အမတို့ ဦးလေးတို့ အဒေါ်တို့ ဆီမှာဘဲ ရှိပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော်တို့အိမ်မက်လေးတွေ ဆက်မက်ခွင့် အတွက် 

#CDM မှာ ပါဝင်ပေးကြပါ။

Covid ကာလကြီးမှာ လူကြီးတွေ အနေနဲ့ အန္တရာယ်များပါတယ်ခင်ဗျာ။

အိမ်မှာဘဲ နေပြီး CDMလုပ်ပေးကြပါ။

လမ်းပေါ်က တာဝန် ကျွန်တော်တို့ တာဝန်ထားပါ။ 

#crd

#CivilDisobedience 

#CivilDisobedienceMovement


 Generation X။ မပြေးနိုင် မလွှားနိုင်၊ ပုန်းလဲ မလုံတဲ့ ခန္တာကိုယ်ပိုင်ရှင်များ ဖြစ်တဲ့အတွက် အိမ်တွင်းကနေ online တိုက်ပွဲဝင်နေကြတဲ့ Keyboard warriors များ။ 👵🧓👴💻💻⌨️⌨️🖱🖱


Generation Y။ သင်တို့ရဲ့ လက်ဖျားမှာ နိုင်ငံတော်ရဲ့ ယန္တယားရှိတယ်။ စစ်အာဏာရှင်များ သက်ဆိုးမရှည်အောင်၊ လုပ်ပေးကြမယ့် CDM  Warriors များ။ 👨🧑👩‍🦱🧑‍🧑‍👨‍🏫‍👨‍🔬🕴🕴


Generation Z။ ထွင်နိုင်တယ်၊ Technology ကို နားလည်တယ်၊ အသုံးချနိုင်တယ်။ ပြေးနိုင် လွှားနိုင်တယ်။ အော်နိုင်တယ်။ စည်းကမ်းဆိုတာကိုနားလည်တဲ့ လမ်းပေါ်ကနေ ကမ္ဘာကို စစ်အာဏာရှင်များရဲ့ ယုတ်မာမှု့ကို တိုင်တည်ပြသနေတဲ့ Protester Warriors များ။👦👩👧💁‍♀️💁‍♂️🚶🚶‍♂️🏃‍♂️🏃‍♀️

Generations ၃ခု စုပေါင်း ညီညွတ်ကြရင် ငါတို့ မကြာမီအောင်မြင်ရမည်။


Fighting guys!!!


↧
↧

Generation Y တွေရဲ့ ကြွေးကြော်သံ.....

$
0
0

 



💡မီးမလာလို့ 🕯️ဖယောင်းတိုင်နဲ့စာကျက်ပြီး ၊ မီးလာရင်"ဟေး"လို့ အော်ရတဲ့ခေတ် ၊

🚽ကျောင်းမှာ ကျောင်းသားချင်းအတူတူတောင် ၊ တိုင်းမှူးသားအိမ်သာဆိုပြီး သီးသန့်ရှိတဲ့ခေတ် ၊

🚙လူကြီးကားတွေလာရင် ၊ ဘာမဆိုင်ညာမဆိုင် မတ်တပ်ရပ်ငြိမ်ငြိမ်နေပေးရတဲ့ခေတ် ၊

🧍ကျောင်းကို လူကြီးအဘတွေလာရင် ၊ မနက်စောစော ကျောင်းသွားပြီးမတ်တပ်ရပ်စောင့်ရတဲ့ခေတ် ၊

📡Internet ဆိုတာ တစ်နာရီကို လေးရာပေးပြီး ၊ အဝိုင်းလည်တာကြည့်ခဲ့ရတဲ့ခေတ် ၊

📱Mobile ဖုန်းဆိုတာ Sim Cardချည်းပဲ ၊ ၁၅ သိန်းပေးကာ

ဇိမ်ခံပစ္စည်းတစ်ခုလို သုံးခဲ့ရတဲ့ ခေတ် ၊

📺Entertainment နဲ့ TV Channel ဆိုတာ မြဝတီနဲ့ မြန်မာ့အသံပဲရှိတာပဲလို့ ထင်ရတဲ့ခေတ် ၊

📗ပညာရေးဆိုတာ အတန်းပိုင်ဆီမှာ

ကျူရှင်ယူမှ ၊ အဆင့်ကောင်းတဲ့ ခေတ် ၊

✈️လေယာဉ်လက်မှတ်ရဖို့ဆိုတာ တစ်နေကုန် အပေါက်ဝက ထိုင်စောင့်ရတဲ့ခေတ် ၊

🚗ကားထဲထည့်ဖို့ဆီကို မနက် ၄ နာရီတည်းက တန်းစီရတဲ့ခေတ် ၊

💵ဒေါ်လာဆိုတာ ဘဏ်မှာ တစ်စျေး ၊ ဘားလမ်းမှာ တစ်စျေး ၊ တရုတ်မဆီမှာ တစ်စျေးပေါက်တဲ့ခေတ် ၊

💰ကိုယ့်ရတဲ့ပိုက်ဆံကို ပေါ်တင် ပြန်မရောင်းရဲတဲ့ခေတ် ၊

🌚အိပ်မောကျချိန်ဆို ဧည့်စာရင်းစစ်တာပါဆိုပြီး ၊ အမူးသမားတွေ ခြင်ထောင်လှန်တာခံရတဲ့ ခေတ် ၊

🏅ပညာတော်သင်ဆုဆိုတာ လူကြီးသားသမီးတွေနဲ့ပဲဆိုင်တယ်ဆိုတာ auto နားလည်ရတဲ့ခေတ် ၊

🤐လူကြီးဆိုတာနဲ့ဘာမှပြန်မမေးရဲတဲ့ခေတ် ၊

🚕နည်းပညာဆိုတာ ကြက်ဆူပင်ကနေ ဒီဇယ်အင်ဂျင်အတွက် လောင်စာဆီထုတ်လို့ရတယ်လို့ ဂျင်းထည့်ခံရတဲ့ခေတ် ၊

⛔သူများနိုင်ငံသွားလို့ စာအုပ်အနီဆို ဘေးကပ်ထားပြီး အလှည့်ကျော်ပေးတာ ခဏခဏခံရတဲ့ခေတ် ၊

🚫ပညာမတတ်တဲ့ကောင်လို့ သတ်မှတ်ထားတဲ့မျက်လုံးတွေနဲ့ အကြည့်ခံရတဲ့ခေတ် ၊

💸ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလှူလုပ်ရင်တောင် ဘယ်ကပိုက်ဆံနဲ့လဲ ၊ နိုင်ငံတကာ အထောက်အပံ့နဲ့လှူတာထင်တယ်ဆိုပြီး ၊ စစ်ကြောရေး ခဏလိုက်ရတဲ့ခေတ် ၊

🎴မေးစရာလေးရှိလို့ ခဏပါဆိုပြီး ၊ အနှစ် ၂၀ ကြာတဲ့ခေတ် ၊


❌အဲ့လိုခေတ်ကိုတော့ ပြန်မရောက်ချင်ဘူး ။


နင်တို့ပဲ ပြန်သွား ၊ ငါတို့တော့ လုံးဝ (လုံးဝ)ကို ပြန်မသွားတော့ဘူးဟေ့ ။

Crd 

#CivilDisobedience

#JusticeForMyanmar

#SaveMyanmar

#RejectTheMilitary

↧

ယုံသွားကြပြီလား.....

$
0
0

 



ကဲ GZ လေးတို့ရေ

စစ်တပ်ကို နိုင်ငံရေးထဲ မပါစေရခြင်း အကြောင်းတရားကို သိသွားပြီလား။

လွှတ်တော်ထဲက အစိတ်သားဟာ ပြည်သူအတွက် ထည့်ပေးထားတာ မဟုတ်တဲ့ အကြောင်း သိသွားပြီလား။

ညပိုင်းသောင်းကြမ်းတဲ့ သူခိုးထဲမှာ သင်္ကန်းခြုံပါ ထည့်ပေးပြီး သာသနာညှိုးနွမ်းအောင် လုပ်ခဲ့တယ်ဆိုတာ သိသွားပြီလား။

လူထုအပေါ် နောက်ဆုံးထွက်သက်အထိ ယုတ်မာတယ်ဆိုတာ ယုံသွားပြီလား။

ပြည်သူဟာ ဒေါသတွေ ထွက်နေကြပေမယ့် မရက်စက်ဘူးဆိုတာ ယုံသွားပြီလား။

ရှစ်ဆယ့်ရှစ် အရေးအခင်းမှာ ဂိုဒေါင်ဖောက်တာ၊လူသတ်ခေါင်းဖြတ်၊မီးရှို့တာတွေကို စစ်တပ်က ခိုင်းစေတယ်ဆိုတာ ယုံသွားပြီလား။

နိုင်ငံရေးသမားစစ်စစ်တွေရယ်၊ပြည်သူတွေရယ်၊ပညာတတ်တွေရယ်ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်ရယ်၊လူယုတ်မာတွေရယ်၊သူခိုးဂျပိုးတွေရယ်၊စစ်ထွက်ပါတီဝင်တွေရယ်၊စစ်တပ်ကိုအာဏာသိမ်းစေချင်သူတွေရယ် ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်နဲ့က တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ ပြည်သူအတွက်မဟုတ်ပဲ လုပ်ပွဲတွေ ဆိုတာ ယုံသွားပြီလား။

အမျိုးဘာသာ အော်နေသူတွေဟာ အမျိုးဘာသာအပေါ် ရက်စက်ယုပ်မာနေကြတယ်ဆိုတာ ယုံသွားပြီလား။

တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတွေ အရေးအတွက်

မဟုတ်ပဲ လုပ်ပွဲတွေဆိုတာ ယုံသွားပြီလား။


မိုးမှောင်(IR)

14.2.2021

6:05(a.m)

↧

သံလွင်ခက်တို့မျိုးဆက်.....

$
0
0




         (၁)


စစ်မြင်းတွေပြေးလွှား

ခွာသံတို့ကြားရပြီ .....။


          (၂)


သူ့ကျင်းသူ နက်နက်တူးပြီးမိုက်တဲ့

အတ္တကြီးသူတစ်သိုက်ကတော့

ပန်းတွေရဲ့ အရုဏ်ဦးကိုပျက်သုဉ်း

သွေးညှီနံ့နဲ့  ဖုံးဘို့ကြိုးစားနေကြတယ် ၊


အဲ့ဒီ အရုဏ်ဦးဟာ

ငါတို့မျိူးဆက်သစ်ရဲ့ အနာဂတ်

သစ္စာပန်းရနံ့ တွေနဲ့  ဘောင်ခတ်ထားတယ် ....။


            (၃)


"သစ္စာပန်း"တဲ့ ......

ပန်းတွေတောင်သစ္စာဆိုကြပေါ့ ၊

ဂိမ်းဆော့တဲ့ လူငယ်တွေ 

ကမ္ဘာမကြေဆိုမှတော့

ပန်းတွေသစ္စာဆိုတာ ဘာဆန်းလဲ ၊

ကျေးဇူးပြု ပြီး ဒီပန်းတွေအားလုံးကို " Z "လို့ခေါ်ပါ ၊

ညစ်ပတ်တဲ့ လက်တွေနဲ့မခူးရ 

လူသတ်တဲ့ လက်တွေနဲ့ မကိုင်ရ

ဟေ့ ! ဘီလူးတွေ နောက်ဆုတ်

သင်တို့ရဲ့အညှီအပုပ်ကို

 ဒီပန်းတွေက မောင်းထုတ်ကြလိမ့်မယ် .....။


            (၄)


ကာဆီးထားတဲ့ ဥပဒေနံရံတွေကို

ဖြတ်ထိုးဉာဏ်ဆိုတဲ့ သော့နဲ့ဖွင့်ဝင်

 အကြမ်းမဖက်တဲ့ 

 Z တွေရဲ့ နှလုံးရည်ဟာ

 မော်ကွန်းတင်ခဲ့ပြီ ၊ 


"Z"ဆိုတာ ...... 

ဒီနိုင်ငံ ဒီပန်းတစ်ခင်းအတွက် 

သူတို့ရဲ့ ဘဝအသစ်စက်စက်တွေကို

မြေသြဇာ အဖြစ်နဲ့ စိုက်ထားတာ ၊


Z တွေရဲ့ ကွန်ပျူ တာကီးဘုတ်

ကမ္ဘာကြီးကို ကိုင်လှုပ်ပစ်လိုက်တယ် ၊ 

သူတို့ဦးနှောက်ရဲ့တောက်ခေါက်သံ

ကမ္ဘာကြီးတစ်ခုလုံး ညံ သွားတယ် ......။


               (၅)


ကျည်ဆန်တွေမှာ အာဏာရှိပေမယ့်

ပန်းတွေဆီမှာသာ အနာဂတ်ရှိတယ် ဆိုတဲ့ ရာဇသံ

သေနတ်ပြောင်းတွေထံကို ပို့လိုက်ပြီ ၊

အနာဂတ်မျိုးဆက်ရဲ့သစ္စာပန်းခင်း

စစ်မြင်းတွေ ခွာနဲ့ မနင်းစေရ ....၊

 ငါတို့ ရွတ်ဆိုမယ့် သစ္စာအလင်းဟာ

ဘီလူးတွေလည်ပင်းကို 

သံလျက်အစင်းစင်း ထိုးဖောက်

 မီးဟုန်းဟုန်းတောက်စေသတည်း ..........။


#မင်းခိုက်စိုးစန် ၂၀၂၁

                              

↧
Viewing all 800 articles
Browse latest View live